ချစ်ရတဲ့ ဇနီးလေးရေ ...
ပါပါးတို့ ချစ်သက်တမ်း 4 နှစ်ပြည့်ခဲ့ပြီနော်။ တွေးကြည့်ရင်အချိန်တွေသိပ်မကြာသလိုနဲ့ 4 နှစ်ဆိုတာ တကယ့်ကို ကြာရှည်တဲ့ ကာလတစ်ခုပါပဲ။
ချစ်ရတဲ့သူအနား ရှိခွင့်ရနေတဲ့အခါ အချိန်တွေဟာ မြန်တယ်လို့ခံစားရစေတဲ့ စိတ်ပျော်ရွှင်မှုကြောင့်ဖြစ်တဲ့ အရာပေါ့ကွယ်။
ဘာပဲဖြစ်ဖြစ် သဲငယ်အနားရှိနေခွင့်ရခြင်းဟာ ပါပါးအတွက် ဘုရားပေးတဲ့ဆုလာဘ်တစ်ခုပါပဲ။ ဒီဘဝတစ်ခုမှာ ကိုယ်တကယ်နှစ်သက်မြတ်နိုးရတဲ့သူနဲ့ သက်ဆုံးတိုင် အတူတူလျှောက်လှမ်းနိုင်ခြင်းဟာ အချိုမြိန်ဆုံးသော ဘဝရဲ့နေ့ရက်တွေကို ပိုင်ဆိုင်လိုက်နိုင်ခြင်းပဲပေါ့ ....
-
မာမားရေ ....
နှစ်ဦးသားတည်ဆောက်ရတဲ့ ဘဝတစ်ခုကို အစပြုကြတဲ့အခါ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းတွေရဲ့ ကြားမှာပဲ ပါပါးတို့ဟာ ပန်းတိုင်တစ်ခုအတွက်ကို အတူတူသွားရတာဖြစ်တဲ့အတွက် တစ်ဦးပေါ်တစ်ဦး ဖေးမဂရုစိုက်ခြင်းတွေနဲ့ မယိုင်မလဲပဲ လျှောက်လှမ်းနေကြရမှာပါကွယ်။ တစ်ခါတရံ နှစ်ဦးသားရဲ့ စိတ်သဘောထားမတိုက်ဆိုင်မှုတွေရှိမယ်၊ တစ်ခါတရံတော့လည်း လောကဒဏ်ရဲ့ ရိုက်ခတ်မှုတွေရှိမယ်၊ တစ်ခါတရံတော့လည်း ကိုယ်မခေါ်ပဲရောက်လာတတ်တဲ့ အခက်အခဲ ဒုက္ခတွေလည်း ရှိလိမ့်မပေါ့။ ဘယ်သို့ပင်ရှိစေ ပါပါးတို့ဟာ တစ်ယောက်တည်းမှ မဟုတ်ပဲလေ။ နှစ်ယောက်အတူဆိုတဲ့ စိတ်နဲ့ အရာရာကို လက်တွဲရင်ဆိုင်ပြီး ဖြေရှင်းကျော်လွှား ကြရမှာပါပဲ။ နှစ်ယောက်တစ်ဘဝမှာ နှစ်ယောက်တစ်စိတ်တည်းဖြစ်အောင် ကြိုးစားဖန်တီးယူထားရမှာပေါ့ကွယ် ...
-
အချစ်ရေ ....
ချစ်သက်တမ်း 4 နှစ်၊ မင်္ဂလာသက်တမ်း 4 လ ဆိုတဲ့ 4 နှစ် 4 လ မှသည် နောင်နှစ်ပေါင်းများစွာ ရတုအဆက်ဆက်တိုင် တစ်ရက်ထက်တစ်ရက် ပိုချစ်ပြီး တစ်ယောက်အတွက် တစ်ယောက် အမြဲရှိလို့ ကောင်းမွန်ပြည့်စုံတဲ့ သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို ဖန်တီးတည်ဆောက်ကြစို့နော်။
ဒီနေ့မှာ ပေါ်ထွက်လာတဲ့ အချစ်ရဲ့ ပညာရေးအိမ်မက်များလည်း ပြည့်စုံပြည့်ဝကာ ရမှတ်ကောင်းတွေထွက်ပေါ်ပြီး ပျော်ရွှင်ပါစေလို့ ပါပါးဆုတောင်းပါတယ်။
အချစ်မျှော်လင့်တောင့်တဲ့ ရမှတ်မျိုးလည်း ရနိုင်မှာလို့ ပါပါး ယုံကြည်နေပါတယ်ကွယ် ...
" သိပ်ချစ်ရတဲ့ .... ပါပါး ..."
-
25/06/2026
SaveDate
Happy 4 Years Anniversary Day
Comments
Post a Comment