HAPPY 3 YEARS AND 8 MONTHS ANNIVERSARY DAY

 ပါပါးရဲ့ မာမားတစ်ဖြစ်လဲ ကိုကို့ချစ်ဇနီးလေးရေ ...

ကိုကိုတို့မယိုင်မလဲပဲ တည့်တည့်ပဲလျှောက်ခဲ့တဲ့ ကိုကိုတို့ရဲ့ပန်းတိုင်ဟာ နောက်ဆုံးတော့ ရနိုင်ခဲ့ပြီနော်။ သဲငယ်ပျော်နေတာ ကိုကိုသိပါတယ်။ ကိုကိုလည်း ပျော်လိုက်တာမှ ပြောမပြတတ်အောင်ပါပဲ။ ဒီဘဒ္ဒကမ္ဘာကြီးထဲ ကိုကိုအတောင့်တဆုံးသော မိန်းကလေးကို ပိုင်ဆိုင်ခဲ့ရတာလေ။ ကိုကို့ရဲ့ ပျော်ရွင်ခြင်းဟာ သဲငယ်ရဲ့ ပျော်ရွှင်မှုနဲ့တိုက်ရိုက်အချိုးကျတာမို့ သဲငယ်ပျော်နေရင်ကို ကိုကိုကလည်း အလိုလိုပျော်နေတတ်တော့တာပါပဲ။ အဲ့ဒီအပျော်တွေဟာ အခုတော့ အလွမ်းနဲ့ ပွေ့ဖက်နေရတာတော့ တမျိုးကြီးပါပဲကွယ်။ ကိုကိုတို့ရဲ့ ပန်းတိုင်ကို အရတည်ဆောက်ပြီး သိပ်မကြာခင်လေးကိုပဲ လွမ်းနေရဖို့ ဖန်လာတော့တာပေါ့နော်။ ဒီလမ်းကိုလျှောက်မှ အနာဂတ်ပန်းတွေဖူးပွင့်လှပနိုင်မှာ သေချာလွန်းနေတော့လည်း ကိုကိုတို့ဟာ အလွမ်းငွေ့တွေဝေ့ပျံတက်နေတဲ့ ကော်ဖီခါးလေးတွေကို နေ့တိုင်း သောက်နေရတော့တာပေါ့ ....

-


အချစ်ရေ .....

အခုလက်ရှိ ပါပါးတို့ရဲ့ စိုက်ထူနိုင်ခဲ့တဲ့ပန်းတိုင်ကို Goal တစ်ခုလိုသဘောထားနော်။ ပါပါးတို့မှာ နောက်ထပ် နောက်ထပ် တစ်ဆင့်ခြင်းလျှောက်လှမ်းရယူသွားရမယ့် Goals တွေရှိနေသေးတာမို့ပဲလေ။ Prepare တွေ Process တွေတိုင်းမှာ ပါပါးတို့ဟာ မှန်မှန်လေးလုပ်သွားရုံနဲ့ ဒီ Goals တွေဟာ တစ်ခုပြီးတစ်ခု ပိုင်ဆိုင်နိုင်လာမှာ အသေအချာပါပဲ။ သဲငယ်လည်း အားမလျော့၊ မယိုင်မလဲပဲ ကြိုးစားနေပေး၊ ပါပါးကလည်း မြဲမြံခိုင်မြဲစွာနဲ့ Lead လုပ်ပြီး ပန်းတိုင်တွေတစ်ခုပြီးတစ်ခု စိုက်ထူသွားကြမယ်နော်။ ပါပါးတို့ရဲ့ ကိုယ့်အနာဂတ် ကိုယ်ဖန်တီးရတဲ့ အရသာက ဘယ်လောက်ချိုမြိန်လိုက်သလဲဆိုတာ သဲငယ်လည်း အသိဆုံးပဲမဟုတ်လား ....

-


ချစ်မိန်းမရေ ...

ဒီစာဟာ အဝေးရောက်နေတဲ့ လင်ယောင်္ကျားတစ်ယောက်က ဇနီးဆီသာမာန်ရေးပို့တဲ့စာမျိုးမဟုတ်ပါဘူး။ ဘဝတစ်ခုကို အတူတူတည်ဆောက်နေကြတဲ့ လက်တွဲဖော် (Partner) အချင်းချင်း နွေးထွေးစွာပွေ့ဖက်လိုက်တဲ့ စာမျိုးပါပဲ။ လွမ်းလားဆိုရင်တော့ စကားလုံးတွေနဲ့ ဖော်ပြလို့မရအောင်ကို လွမ်းလှပါရဲ့ကွယ်။ ဒါပေမယ့်လည်း ဒို့များဘဝတွေက ခံစားချက်အတိုင်း နေထိုင်ပြုမူနေလို့ မရတဲ့ ရုန်းကန်လှုပ်ရှားဘဝတွေမို့ အလွမ်းတွေနင့်သည်းနေလည်း မျက်နှာပေါ်အပြုံးတင်လို့ နေ့ရက်တိုင်းမှာ မျှော်လင့်ချက်ပန်းတိုင်တွေကိုရှေ့ရှုရှင်း ဖြတ်သန်းနေရတာပေါ့။ နှင်းတွေကျတော့လည်း လွမ်း၊ မိုးတွေရွာတော့လည်း လွမ်းနဲ့ အရင်ကဆို အရယ်အပြုံး၊ အရွှတ်အနောက်လေးတွေနဲ့ အလုပ်ထဲ နေတတ်တဲ့ ကိုကိုက အခုတော့ အမြဲမျက်နှာသေနဲ့ဖြစ်နေတော့ အားလုံးက မေးနေကျတာက မိန်းမကို လွမ်းနေတာလားတဲ့ ....

" ဟုတ်ကဲ့ ... ကျွန်တော်လွမ်းနေတာ ... " လို့ပဲပြန်ဖြေဖြစ်လိုက်တာပါပဲ ...

တကယ်လည်း ...

နင့်နင့်သည်းသည်းကို လွမ်းနေရတာပဲမဟုတ်လား ...

-

( 1 လပိုင်းမှာ 3 Years & 7 Months အတွက် စာမရေးဖြစ်နိုင်ခဲ့တာ တောင်းပန်ပါတယ် မာမားရေ။ မရေးဖြစ်ခဲ့ရပေမယ့် မာမားအနားမှာ အချိန်ပြည့်အမြဲရှိနေခဲ့ရတာကတော့ ပါပါး သိပ်ကိုပျော်ရတဲ့ ရက်တွေပါပဲ .... )

25/02/2026

#SAVEDATE


Comments