" Happy 3 Years and 5 Months Anniversary Day "

 အချစ်ရေ ...

ကိုကိုတို့ ပြန်ဆုံကြဖို့ကို တစ်လကျော်ပဲကြာတော့တယ်နော်။ ကိုကို ရင်ခုန်လိုက်တာ။ မတွေ့ရတာ မပွေ့ဖက်ရတာ ကြာနေပြီဖြစ်တဲ့ သဲငယ်ခန္ခာကိုယ်လေးကို ပြန်လည်ပွေ့ဖက်ပြီး အနမ်းမိုးတွေ စွေလို့ရတော့မှာနော်။ နောက်ပြီး ကိုကိုတို့ ဒီတစ်ခေါက်ပြန်လည်ဆုံဆည်းရခြင်းဟာ ဒီတစ်မိုးအောက်မှာ နှစ်ယောက်အတူ နေထိုင်ပြီး ဘဝတစ်ခုကို အတူတူ တည်ဆောက်ဖို့ဆိုတဲ့ မျှော်လင့်ရည်ရွယ်ချက်နဲ့လေ။ ဘယ်လောက်ကောင်းလိုက်လဲ။ နောက်ပြီး ဆိုင်ပဲဆိုင်နေရသေးတဲ့ ကိုကိုက သဲငယ်ကို တကယ့်ကို ပိုင်ရတော့မှာလေ။ ပျော်ဖို့ကောင်းလိုက်လေခြင်းပေါ့ ....။


ကောင်မလေးရေ ...

ကိုကိုတို့ဟာ မင်္ဂလာပွဲနားနီးလေ အလုပ်ရှုပ်လေဖြစ်ပြီး တကယ်ဆို အခုအချိန်ကိုကိုဟာ သဲငယ်အနားမှာ အတူတူရှိပြီး အရာကိစ္စတွေကို တိုင်ပင်ကြ ဆွေးနွေးကြနဲ့ အတူဖန်တီးရမယ့် ပွဲနော်။ တောင်းပန်ပါတယ် ကိုကိုက အနားမှာ မရှိနိုင်ခဲ့တာ။ သဲငယ်တစ်ယောက်တည်း ပင်ပန်းနေတော့မှာပေါ့။ ကိုကိုပြန်လာတဲ့အခါ ကိုကို့ရင်ခွင်ထဲမှာ ထည့်လို့ အမောပြေ အနမ်းတွေပေးပါ့မယ်ကွယ်။ 


ကိုကို့ရဲ့ ဇနီးလေးရေ .....

အမြန်ဆုံးမှ တကယ့်ကိုအမြန်ဆုံး တွေ့ချင်လှပြီကွယ်။ ကိုကိုတကယ်ပဲ မနေနိုင်အောင်ဖြစ်နေတာ သိရဲ့လား။ တစ်ရက်ပြီးတစ်ရက် မင်္ဂလာဆောင် သီချင်းတွေပဲ နားထောင်၊ မင်္ဂလာဆောင်သီချင်းတွေပဲ ညည်းလို့ နေ့ရက်တိုင်းမှာလိုချင်တာ ရတော့မယ့် ကလေးတစ်ယောက်ပျော်ခြင်းမျိုးလို ပျော်ရွှင်နေမိတာပဲ။ ကိုကိုလပေါင်းများစွာ ကြိုးစားပြီး တကယ်ရောက်ချင်လိုချင်တဲ့ ပန်းတိုင်ပဲမို့ တကယ့်ကို အိပ်မက်တွေတကယ်ဖြစ်လာတော့မှာနော်။ သဲငယ်ရော ရင်မခုန်ဘူးလား ...? ခံစားချက်လေး ပြောပါအုံးကွယ် ...။


ဪ ... ဒါနဲ့ ....

ဒီစာက တကယ်တော့ ကိုကိုတို့ရဲ့ 3 Years and 5 Months Anniversary Day အတွက် ရေးတဲ့စာပါ။ ကိုကို့အပျော်တွေနဲ့ စိတ်ကူးအိပ်မက်တွေ ခံစားချက်တွေအကြောင်းပဲ ရေးဖြစ်နေရင်း တကယ့် Anni Day အတွက် Appreciate ဖြစ်ရမှုပါ မေ့တော့မလို့နော် ...။

ဟီးဟီး ... ကိုကို လူပျိုကြီးက တကယ့်ကို အပျော်လွန်နေတာလို့ တွေးနေပြီမို့လား ...

တကယ်လည်း အပျော်လွန်နေတာပါကွယ် ...

" Happy 3 Years and 5 Months Anniversary Day " ပါ အချစ်ကလေးရေ ....

ပျော်ရွှင်ပါစေကွယ် ....

*** ပျော်နေတဲ့ .... ကိုကို ***

_

- SaveDate

- 25/11/2025

- H3Y5AD

Comments