ချစ်ရတဲ့ သဲငယ်ရေ ….
ကိုကိုတို့ချစ်သက်တမ်းလေး တစ်လပိုပြီးတိုးခဲ့ပြီပေါ့။ အခုဆို ၃ နှစ်နဲ့ ၁ လ တိတိပြည့်ခဲ့ပြီနော်။ တဖြည်းဖြည်းနဲ့ ကိုကိုတို့ပန်းတိုင်ကို ရောက်မယ့်နေ့ကလည်း ပို၍ပို၍ နီးကပ်လာတာပေါ့ကွယ်။ ဘယ်လိုလဲ …?
ပျော်လား …?
ရင်ခုန်လား …?
ချစ်စွာသော ချစ်လွန်းမဝ ချစ်ရပါသော ကိုကို့ရဲ့ ကလေးလေးရေ …
ဒီလပိုင်းကတော့ ကိုကိုလည်း အဆိုးတွေကိုလွန်မြောက်ပြီးလို့ အလုပ်အကိုင်လေး ပြန်ရှိပြီး ရည်ရွယ်ထားရာအတွက် လမ်းဖြောင့်စွာ မယိုင်မလဲရှိခဲ့တယ်ပေါ့ကွယ်။ ကုန်ခဲ့တဲ့တစ်လကတော့ ငွေလည်းမစုနိုင်ပဲ အထွက်ကြီးပဲ များခဲ့တယ်မဟုတ်လား။ အမှန်အတိုင်းဆိုရရင် ကိုကိုက ကိုကို့ Target လေး မပြည့်နိုင်ဖြစ်သွားရတဲ့ အလုပ်အကိုင်ရဲ့ကမောက်ကမ ဖြစ်မှုမှာ စိတ်မကောင်းတာလေးတော့ ရှိတယ်။ ကိုကိုက နှစ်ကုန်လို့ မြန်မာပြည်ပြန်လာပြီးမင်္ဂလာဆောင်တဲ့အခါ Investment လေးတစ်ခုလောက် လုပ်ချင်တာကို သဲငယ်လည်းအသိပါ။ အဲ့ဒီ အရာလေးတစ်ခုပါပဲ။ စိတ်မကောင်းဖြစ်တယ်ပေါ့ကွယ်။ ကိုယ်မျှော်လင့်ထားတဲ့အမောင့်တစ်ခု မပြည့်နိုင်တော့ဘူးပေါ့။
သဲငယ်ရေ ….
ယုံကြည်ပါကွယ်။ ကိုကိုတို့ရဲ့ အိပ်မက်ဖြစ်တဲ့ မင်္ဂလာပွဲကိုပြည့်ပြည့်စုံစုံနဲ့ ချောမွေ့အောင် ဖန်းတီးနိုင်ပါတယ်။ တအားကြီးခြစ်ကုတ်ပြီး လုပ်စရာမလိုပါဘူးကွယ်။ ကိုကိုတို့ စီစဉ်ထားတဲ့ ပမာဏတစ်ခုဟာ လုံလောက်ပါတယ်။ သဲငယ် စိုးရိမ်နေတာက ပူစရာမလိုပါဘူးကွယ်။ နော် …
တဖြည်းဖြည်းချင်းနီးကပ်လာတဲ့ ကိုကို့ရဲ့အနာဂတ်ပန်းတိုင်အတွက် နေ့ရက်တိုင်းဟာ ရင်ခုန်ရင်း အချိန်တွေကို အားမလိုအားမရခြင်း စိတ်စောရခြင်းတွေနဲ့ ကိုကိုတော့ တရက်ပြီး တစ်ရက် ဖြတ်ကျော်နေပါတယ်ကွယ်။
သဲငယ်ရော … ?
-
ချစ်တဲ့ ကိုကို
25-07-2025
SaveDate
Happy 3 Years and 1 Month Anniversary Days


Comments
Post a Comment