လွမ်းရတဲ့ သဲငယ်ရေ ….
ပါပါးတို့တွေ တစ်ဆင့်ခြင်း လျှောက်လှမ်းနေတဲ့ ပန်းတိုင်အတွက်ကို အတူတူ ကြိုးစားနေကြတာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်ပီပြင်လာပြီပဲ။ ရှေ့လထဲမှာဆိုရင်လည်း သဲငယ်လည်း စာမေးပွဲဖြေရတော့မယ်။ ပါပါးလည်း အခုဆို သင်တန်းတက်လို့ အနာဂတ်အတွက်ကို သေသေချာချာပြင်ဆင်နေပြီမို့ နှစ်ယောက်သားဟာ မဆုတ်မနစ်သော ဝီရိယနဲ့ ကြိုးစားနေကြရုံပဲရှိတော့တာပေါ့။ ဘာအတွက်ကြောင့်မှ ယိုင်လဲလို့မဖြစ်ပဲကြိုးစားကြမယ် အတူတူပဲလေ … နော် …
” ဖိုက်တင်း … “
အချစ်ရေ ….
ပါပါး မိဘတွေကိုလည်း ဆက်လက်ပြီးကြည့်ရှုစောင့်ရှောက်ပေးထားပါအုံးလို့ အားနာစွာနဲ့ တောင်းဆိုပါရစေကွယ်။ သားသမီးအရင်းတွေရှိပေမယ့်လည်း ပါပါးတို့ မိသားစုအခြေအနေကို သဲငယ်အသိဆုံးပဲမို့ ပါပါးမှာလည်း သဲငယ်ကိုပဲ အားကိုးနေရတာမို့လေ …။ ပါပါးမိဘတွေကို သဲငယ်မိဘတွေလိုပဲ သဘောထား ကြည်ဖြူပြီး စွမ်းနိုင်သမျှဆောင်ရွက်ပေးနေတာ ပါပါးသိပါတယ်။ ဒီလိုပြောရတယ်ဆိုတာ လင်မယားချင်းပေမယ့်လည်း သဲငယ်ကို Appreciate တကယ့်ကိုလုပ်ချင်လို့ပါ။ ပါပါးတို့ဟာ အပြန်အလှန်အမှီသဟဲ ပြုပြီး အနာဂတ်တွေကို ပုံဖော်ထုဆစ်သွားကြမယ်နော်။
-
ချစ်စွာသော ပါပါးရဲ့ မာမားရေ …
လွမ်းရပါတယ်ကွယ်။ ရာသီဟာ နွေးထွေးလာတယ်ဆိုပေမယ့် ညချမ်းတွေမှာတော့ အေးစိမ့်နေဆဲပါပဲ။ အေးလာလေ မိန်းမကို သတိရလေပဲပေါ့ကွယ်။ မိန်းမအနားပဲ ရှိနေချင်တယ်။ အချိန်တိုင်းမှာ မိန်းမနဲ့အတူရှိနေချင်တယ်။ အချိန်ပြည့်ဖက်ထားချင်တယ်။ အနမ်းမိုးတွေ မစဲပဲ အမြဲတမ်းရွာနေချင်တယ်ကွယ် …
လွမ်းလိုက်တာအချစ်ရယ် …
အမြန်ဆုံး အတူတူ ရှိနေချင်လှပြီကွယ် ….
-
ချစ်ရတဲ့ ပါပါး ..
25/04/2026
SaveDate
Happy 3 Years and 10 Months Anniversary Day
Comments
Post a Comment