HAPPY 3 YEARS ANNIVERSARY DAY

 သဲငယ်ရေ …

ဒီလပိုင်းထဲကတော့ ကိုကို့အတွက် နဲနဲခက်ခဲရတဲ့လပဲနော်။ အလုပ်က ကမောက်ကမဖြစ်သွားတယ်ဆိုတော့လေ။ ဒီလိုပါပဲ ဘဝဆိုတာ နိမ့်လိုက်မြင့်လိုက်တက်လိုက်ကျလိုက်ပဲပေါ့။ မတည်ငြိမ်၊ မတည်မြဲခြင်းဆိုတာကပဲ​ ဘဝရဲ့ ပြယုဂ်အစိတ်အပိုင်းတစ်ခုပဲမဟုတ်လား။ ဘဝရယ်လို့ရှိလာရင် ဘယ်လိုအခြေအနေဖြစ်ဖြစ် လူသားတွဟာ ကြိုးစားရှင်သန်ရပ်တည်ရတာပဲလေ။ အခက်အခဲတွေ အတားအဆီးတွေ လာပါစေပေါ့။ ဒါပေမယ့် နေ့ရက်တိုင်းကို အမြဲအားအင်အပြည့်နဲ့ရင်ဆိုင်ကျော်လွှားနိုင်ဖို့ကကျတော့ ကိုယ့်အတွက်အားအင်ဖြစ်စေမယ့် တစ်စုံတစ်ခု၊ တစ်ဦးတစ်ယောက် စသဖြင့် လိုအပ်တယ်ပေ့ါကွယ်။ ကိုကို့ရဲ့ အားအင်/တွန်းအား ၊ ကိုကို့အတွက်အမြဲတောင့်တလိုအပ်ရသော ၊ ကိုကိုအနားအမြဲတမ်း အလိုက်တသိနဲ့ ဖြည့်းဆည်းနေပေးတတ်လွန်းတဲ့ သဲငယ်ဟာ ကိုကို့ရဲ့ Special Only One ပါပဲ။





ချစ်ရတဲ့ သဲငယ်ရေ …

ကိုကိုတို့ချစ်ခရီးလမ်း ၃ နှစ်ပြည့်တဲ့ နေ့ကလေးပေါ့ကွယ်။ ၃ နှစ်ပြည့်အနေနဲ့ လက်ဆောင်တစ်ခုခု ကိုကိုလုပ်ပေးခြင်တာပါ။ မထင်မှတ်ပဲ အလုပ်အကိုင်ရဲ့ ကမောက်ကမဖြစ်မှုနဲ့အတူ အနာဂတ်အတွက် ရည်ရွယ်ရည်စူးထားခြင်းတွေရှိရလေတော့ ငွေကိုခြွေတာစုဆောင်းပြီး လက်ရှိအချိန်မှာ ကိုကိုခြိုးခြံဖြစ်လိုက်တာပါ။ ကိုကိုမပြောပဲလည်း သဲငယ်သိပြီးနားလည်ပေးထားတယ်ဆိုတာ သိထားပါတယ်။ ဒါတွေကြောင့်ပဲ သဲငယ်ဟာ ကိုကို့အတွက် ပို၍ပိုသော ချစ်ခင်မြတ်နိုးရခြင်းများစွာနဲ့အတူ ကိုကို့နှလုံးသားကို သိမ်းပိုက်ထားနိုင်တာပေါ့ကွယ်။ 



HAPPY 3 YEARS ANNIVERSARY DAY ပါ သဲငယ်ရေ ….

ပျော်ရွှင်ရသော နေ့ကလေးဖြစ်ပါစေနော်။ အကယ်၍ကိုကိုသာ ဒီလိုနေ့မျိုးသဲငယ်အနားရှိရင် လှပပြည့်စုံပြီးအတိုင်းထက်အလွန်ပျော်ရွှင်ရတဲ့နေ့ကလေးဖြစ်မှာနော်။ အရာရာကိုအားတင်းလို့ ကိုယ်စီမျှော်လင့်ကြတဲ့ အနာဂတ်နေ့ကလေးကို မြင်ယောင်လို့ရှေ့ဆက်နေပါသဲငယ်ရေ။ ကိုကိုတို့ရဲ့ အဲ့ဒီ့နေ့ကလေးဟာ မဝေးတော့ဘူးမဟုတ်လား။ အဲ့ဒီနေ့မှာ ကိုကိုဘေးနားက ဒီကလေးလေးဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးသော၊ အလှပဆုံးသော သတို့သမီးလေးဖြစ်နေမှာအသေအချာပဲပေါ့။ ကိုကိုနဲ့သဲငယ်အတူတူလျှောက်လှမ်းကြမယ့် ပန်းခင်းလမ်းတွေဟာ အဆုံးအစမဲ့သော လှပခြင်းတွေနဲ့အတူ ကိုကိုတို့ကို အနာဂတ်မှာ စောင့်ကြိုနေကြလေတယ်နော်။ သဲငယ်လည်းမြင်နိုင်မှာပါကွယ်။ 




ပျော်ရွှင်ပါစေ ကိုကို့ရဲ့ကလေးလေးရေ ….

  • လွမ်းနေရပါသော -
  • ကိုကို -
  • 25/06/2025 -
  • Happy 3 Years Anniversary Day -
  • SAVEDATE -

Comments