Happy 3 Years & 9 Month Anniversary Day

 လွမ်းရတဲ့ မိန်းမရေ ….

ပါပါးတို့  မင်္ဂလာသက်တမ်းတောင် တစ်လကျော်ခဲ့ပြီနော်။ ရက်ကနေ လ၊​ လကနေ နှစ်တွေအများကြီး သက်ဆုံးတိုင်အထိ သဲငယ်နဲ့အတူ ဖြတ်သန်းရမယ့် ဘဝခရီးလမ်းကို တကယ့်ကို ရင်ခုန်ကြည်နူးပါတယ်။ အတူတူ တက်ညီလက်ညီကြိုးစားကြရင် ပါပါးနဲ့သဲငယ်ရဲ့ ပန်းတိုင်ဟာ အမြန်ဆုံးရောက်ရှိလာမှာပါကွယ်။ အနာဂတ်ကိုအမြဲတမ်းတွေးမြင်ယောင်ရင်း လက်ရှိပစ္စုပ္ပန်မှာ ကိုယ်လုပ်ရမယ့် အပိုင်းကဏ္ဍကို သေသေချာချာ Focus ထားပြင်ဆင်ကြမယ်ဆိုရင် မလွဲမသွေအမြန်ဆုံး ပါပါးတို့ရောက်တော့မှာနော် ….
အားမလျော့ပဲ ကြိုးစားပေးထားပါအုံးကွယ် ….


အချစ်ရေ ….

ပါပါး မိသားစုကို သဲငယ်ရဲ့ မိသားစုလို တကယ့်ကိုစိတ်ရင်းစေတနာထားပြီး ကြည့်ရှုစောင့်ရှောက်ပေးလို့ တကယ့်ကို ကျေးဇူးတင်ပါတယ်။​ ပါပါးကလည်း သဲငယ် မိသားစုကို ကိုယ့်မိသားစုလို့ပဲ​ ခံယူထားပြီး ချစ်ခင်လျှက်ပါကွယ်။ သန်လျင်ကို တစ်လ တစ်ခေါက်ထဲပေမယ့် အဲ့ဒီတစ်ခေါက်ကလည်း ဘယ်လောက်ပင်ပန်းရလဲ ဆိုတာ ပါပါးကိုယ်တိုင်လည်း သိပါတယ်။ အပင်ပန်းခံသိတတ်ပေးလို့လည်း ဒီအမျိုးသမီးလေးကို ပါပါးက ချစ်မဝဖြစ်ပြီး နေ့တိုင်းနေ့တိုင်း အချစ်တွေ တိုးနေရတာပါ။ လိမ္မာသိတတ်လွန်းတဲ့ ပါပါးမိန်းမရယ်လို့ မိသားစု အသိုင်းအဝိုင်းကြားမှာလည်း ပါပါး မျက်နှာပွင့်ပါတယ်။ ပါပါး အတွက် မာမားဟာ အလိုအပ်ဆုံးသော အသက်ဓါတ်ကလေးပါကွယ် ….


သဲင​ယ်ရေ ….

ဒီဘက်မှာတော့ အအေးပေါ့လာပါပြီ။ ဒါပေမယ့် ပါပါးနှလုံးသားလေးက တုန်ရီနေဆဲပါပဲ။ သဲငယ်ရင်ခွင်နဲ့ဝေးတဲ့အရပ်ဟာ ဘယ်အရပ်ဖြစ်ဖြစ် မြောက်ဝင်ရိုးစွန်းပါပဲ။​ နွေးထွေးတဲ့လွန်းလှတဲ့ အတောင့်တဆုံးသော  ရင်ခွင်

ကို တရှိုက်မက်မက် တပ်မက်စွာ လွမ်းလှ သတိတရရှိလှပါရဲ့။ သဲငယ်သာ ဒီကိုရီးယားမှာ ပါပါးအနားအတူတူရှိရင် ဆိုတဲ့ စိတ်ကူးအိပ်မက်ဟာလည်း နေ့စဉ်နေ့တိုင်း တွေးမိ စိတ်ကူးယဉ်တောင့်တမိနေတဲ့ Loop Thinking ပါပဲ။ FaceTime တွေပြောနေပေမယ့်လည်း ပါပါးရဲ့ ဒီရင်ခွင်ထဲမှာ ထွေးပွေ့လို့ အနမ်းမိုးတွေ ရွာသွန်းချင်လွန်းလှတဲ့ ဆန္ဒတွေ ပြည့်ဝနိုင်ဖို့ ပါပါးစိတ်ရှည်ရှည်နဲ့စောင့်မျှော်နေပါတယ်နော် ….

ဖိုက်တင်း ကလေးလေးရေ ….

ကိုရီးယားမှာ အတူတူဆုံကြမယ်နော် ….

-

ချစ်ရတဲ့ ..

ပါပါး ….

-

-SaveDate

-25/03/2026

-Happy 3 Years & 9 Months Anniversary Day

Comments