Happy 3 Years and 2 Months Anniversary Day ပါ သဲငယ်ရေ
တဖြည်းဖြည်းနဲ့ နီးကပ်လာတဲ့ ကိုကိုတို့ရဲ့ ပန်းတိုင်လေးကို ပုံဖေါ်ကြရင်း ရင်ခုန်စိတ်လှုပ်ရှားမှုတွေပြည့်နှက်နေတဲ့ မနက်ဖြန်များစွာပါကွယ်။ ပျော်ရွှင်ခြင်းတွေ ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ အတူတူ ဖန်တီးကြမယ့် မင်္ဂလာပွဲလေးကို ကိုကိုတော့ ကြိုတင်မှန်းဆရင်း ကမ္ဘာပေါ်က အပျော်ရွှင်ဆုံးလူသားဖြစ်နေတာပါ။ သဲငယ်လည်း ကိုကိုနဲ့ ထပ်တူဖြစ်နေမယ်လို့ ယုံကြည်ပါရဲ့ကွယ် …
-
ချစ်ရတဲ့ သဲငယ်လေးရေ …
အနာဂတ်ရည်မှန်းချက်တွေအပြည့်နဲ့ကိုကိုတို့ဟာ တစ်ဆင့်ခြင်းတစ်ဆင့်ခြင်း လုပ်သွားရမယ့် ကိစ္စတွေကို စိတ်ရှည်ရှည် ဇွဲရှိရှိနဲ့ အားမလျော့စတမ်း လုပ်နေဖို့ပဲလိုတာပါနော်။ သဲငယ်လည်း ဇွဲမလျော့ပဲ အကောင်းဆုံးကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးစား ကိုကိုလည်း ကြိုးစားနေမှာမို့ ကိုကိုတို့ရဲ့ အနာဂတ်ခရီးလမ်းဟာ မျှော့်လင့်ထားသလို အသေအချာကို ပိုင်ဆိုင်ရရှိလာမှာပါ။ သဲငယ်ဒီကိုအမြန်ဆုံးရောက်လာနိုင်ဖို့က ကိုကို့ရဲ့အတောင့်တဆုံး လိုအင်လေးမို့ သဲငယ်ကြိုးစားနေပေးနော် …
-
ကိုကို့ရဲ့ချစ်မဝလေးရေ …
အတူတူရှိပြီး နေ့ရက်တိုင်းကို အတူတူနိုးထရမယ့် နေ့ရက်တွေကို အချိန်တွေကိုကျော်လွှားလို့ ရောက်ရှိချင်လိုက်တာကွယ်။ အဝေးကနေ လွမ်းနေရတာ ကိုကိုမခံစားနိုင်တော့ဘူးကွယ်။ တစ်နေထွက်လို့ တစ်နေဝင်သွားလည်းပဲ အချိန်တွေဟာ နှေးကွေးလေးလံနေတာလားလို့ တွေးမြင်မိတယ်။ သဲငယ်အနားမရှိတဲ့ နေ့ရက်တွေဟာ တစ်နေဝင်သွားဖို့တောင် တကယ့်ကိုကြာညောင်းလွန်းလှတယ်လို့ ခံစားနေမိရတာပေါ့။ အမြန်ဆုံး ဆုံတွေ့ချင်လှပါပြီကွယ်။
“ လွမ်းတယ် အရမ်း “ …
-
ချစ်တဲ့ ကိုကို
Happy 3 Years and 2 Months Anniversary Day
Save date
25,8,2025


Comments
Post a Comment