Happy 2 Years and 11 Months Anniversary Day


Happy 2 Years and 11 Months Anniversary Day ပါ သဲငယ်ရေ …

တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လနဲ့ ကိုကိုတို့အတူဖြတ်သန်းလာကြတာ နောက်လဆိုရင် ၃ နှစ်တောင်ပြည့်တော့မယ်နော်။ ကိုကို့အနားမှာ အရာရာကို နားလည်သည်းခံအလိုက်သိပြီး ချစ်မြတ်နိုးပေးလို့ သဲငယ်ကို သိပ်ချစ် သိပ်တွယ်တာရပါတယ်။ ကိုကိုတို့ သွားချင်ရောက်ချင်တဲ့ ပန်းတိုင်အတွက် တဖြည်းဖြည်းချင်း နီးကပ်လာတဲ့ ခံစားချက်ကလေးဟာ သိပ်ကို နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေးနဲ့ ရင်ခုန်လှိုက်ဖိုရပါတယ်ကွယ်။ သဲငယ်ရော ဘယ်လိုခံစားရလဲ။

-


သဲငယ်ရေ …

ကိုကိုတို့အတူတည်ဆောက်မယ့်အနာဂတ်ကို စိတ်ကူးပုံဖေါ်ထားရမယ်နော်။ နေကောင်းကျန်းမာအောင်နေပါ။ စာကိုကြိုးစားပါ။ ကိုကို့ကိုအမြဲသတိရ လွမ်းနေပေးပါ။ ဘုရားရှိခိုး ပုတီးစိတ်တာလေးတွေပြန်လုပ်နော်။ သဲငယ် မလုပ်ဖြစ်တာ ကြာပြီမို့လား။

-


ကိုကို့ချစ်မဝလေးရေ …

အမြန်ဆုံးအတူပြန်ဆုံချင်လှပြီကွယ်။ ကိုကိုတော့ ပြင်ပြင်းပြပြကို တွေ့ချင်နေမိတော့တာ။ ဟိုအရင် အတူသွား အတူစားခဲ့ရတဲ့ရက်တွေကိုလည်း ပြန်တမ်းတ လိုချင်တယ်။ သဲငယ်အနားမှာလည်း ရှိနေချင်တယ်။ သဲငယ်ကို ကိုကို့ရင်ခွင်ထဲထည့် ဖက်ထားပြီးလည်းအိပ်ချင်တယ်။ မနက်ခင်းတွေနိုးလာလို့ မျက်လုံးဖွင့်ဖွင့်ခြင်းမှာ မြင်ချင်တာလည်း သဲငယ်ရဲ့မျက်နှာလေးပဲကွယ်။ အမြန်ဆုံး ဆုံချင်တွေ့ချင်ပြီကွယ်။ ဘယ်လိုများနေ့ရက်တွေကို ခုန်ပျံကျော်လွှားလို့ရမလဲကွယ်။ အဲ့ဒီ့နေ့ ပြန်ဆုံကြမယ့်နေ့ကို မြန်မြန်ရောက်ချင်လှပြီပေါ့။

-

  • ချစ်တဲ့ ကိုကို -
  • SaveDate 25-05-2025
  • H2Y&11M

Comments