သဲငယ်ရေ ..
တွေးကြည့်စမ်းကွယ်။ ကိုကိုတို့ရဲ့ချစ်ခရီးလမ်းတောင် ၃ နှစ် ၃ မိုးပြည့်တော့မယ်နော်။ အခုတောင် ၂ နှစ်နဲ့ ၁၀ လရှိပြီမို့လား။ ဟိုးရှေးအရင်က လူတွေပြောကြသလိုဆို အချစ်ရေးမှာ သုံးနှစ်သုံးမိုးစောင့်ကြည့် အကဲဖြတ်ကြတယ်ဆိုတော့ သဲငယ်ကများကိုကို့ကို စောင့်ကြည့်အကဲဖြတ်နေတာလား။ အဲ့လိုတွေးကြည့်မိတော့ ပြုံးမိတယ်။ တိုက်ဆိုင်သွားသလိုပေါ့နော်။ ကိုကိုက စတာပါ။ သဲငယ်ဟာ ကိုကို့ကို နှလုံးသားနဲ့ရွေးချယ်ဆုံးဖြတ်ခဲ့တယ်ဆိုတာ သိပါတယ်။ သဲငယ်နှလုံးသားရွေးချယ်မှုမှန်ကန်ခဲ့တယ်ဆိုတာလည်း သဲငယ်ခံစားမိနေမှာပါ။ နောင်ဆို ပိုလို့တောင် ပျော်ရွှင်ရတဲ့ အိမ်သူသက်ထား ကိုကို့ဇနီးမယားလေး ဖြစ်လာတော့မှာနော်။ တွေးကြည့်စမ်း ... ။ ပျော်စရာပါ .....။
-
သဲငယ်ရေ ...
ကိုကိုလည်း သေသေချာချာ တွေးတောကြည့်တဲ့အခါမှာ ကိုကိုတို့ဟာ လက်ထပ်ပြီးတဲ့အခါ ကလေးယူဖို့အတွက် အင်မတန်ကို အခွင့်အရေး နည်းပါးတယ်ဆိုတာပါပဲ။ လိုချင်စိတ်သာ ရှိပေမယ့် ကိုကိုတို့ရဲ့ အနာဂတ် စီးပွားရေး၊ လူမှုရေး၊ တခြားသော ကိစ္စအဝဝတွေကြားမှာ ဘေဘီလေးအတွက် ပေးရမယ့်အချိန်တွေက ကိုကို့အတွက် မရှိသလောက်ဖြစ်မှာ အသေအချာပဲ။ နောက်ပြီး လူ့ဘဝ ရှင်သန်ရတုန်းမှာ ကိုကိုတို့ရဲ့ စိတ်လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းရင်း နေ့ရက်တိုင်းကို အဓိပ္ပါယ်ရှိရှိရှင်သန်ရအုံးမယ်မဟုတ်လား။ ကလေးတွေကို ကိုကိုချစ်ပေမယ့် ကိုယ်တိုင်မမွေးတော့ပဲ ချစ်ဖို့ကောင်းတဲ့ ကလေးတွေကိုပဲ လိုက်ချစ်လိုက်ပါတော့မယ်။ နောက်ပြီး ကိုကို့ရဲ့ကိုယ်ပိုင် ကလေးလေးက ရှိနှင့်ပြီးသားမဟုတ်လား ...။
-
ကိုကို့ရဲ့သဲငယ်လေးရေ ....
တစ်လပြီးတစ်လနဲ့ ပိုပိုပြီးနီးကပ်လာတဲ့ ကိုကိုတို့ရဲ့ပြန်လည်ဆုံဆည်းကြမယ့်နေ့ရက်ကို အမြန်ဆုံးတောင်ရောက်ချင်လှပြီကွယ်။ ဒီတစ်ခါ ကိုကိုတို့ရဲ့ ပြန်လည်ဆုံဆည်းမှုက သိပ်ကိုရင်ခုန်စရာကောင်းတဲ့ တစ်ယောက်ကို တစ်ယောက်ပိုင်ဆိုင်ဖို့အတွက်ဖြစ်လာမှာနော်။ ကိုကိုတို့လုပ်ရမဲ့ Process တွေရှိတယ်။ ကိုယ်တိုင်စီမံပြုလုပ်ရမဲ့ ပွဲတွေရှိတယ်။ ကိုကိုတို့လုပ်ရမယ့် အရာကိစ္စတွေအားလုံးကို သဲငယ်ရဲ့အမျှော်လင့်ဆုံးသော ကိုယ့်ကိုကိုယ်မြင်ယောင်ထားတဲ့ပုံရိပ်/ပုံစံလေးက ဘယ်လိုမျိုးလေးလဲ ဆိုတာကို ကိုကို့ကို သေသေချာချာတွေးပြီး ကိုယ်မျှော်လင့်ထားသလို ပုံစံလေးကို ပြောပြအုံးနော် ...။
-
- ချစ်ရတဲ့ ကိုကို -
( အိုပါး )
25/04/2025
Save Date
Happy 2 Years and 10 Months Anni Day
Comments
Post a Comment