သဲငယ်ရေ ...
ကိုကိုတို့ချစ်သက်တမ်းက တဖြည်းဖြည်းခြင်းရင့်သန်လာပြီး အခုဆို 2 နှစ်နဲ့ 9 လတောင်တိုင်ခဲ့ပြီနော် ...။ ပြန်လည်ဆုံတွေခဲ့ကြရတဲ့အချိန်တွေကို တွေးကြည့်လိုက်ရင် မနေ့တစ်နေ့ကလိုပါပဲကွယ်။ ရင်တွေခုန်ဆဲ၊ လှိုက်ဖိုဆဲပေါ့ ။
-
ကိုကိုသိပ်ချစ်ရတဲ့ ကိုကို့ကလေးလေးရေ ...
သိပ်မဝေးတော့တဲ့လအပိုင်းအခြားတွေကိုကျော်ကြည့်လိုက်စမ်းကွယ်။ ကိုကိုတို့ဟာ လက်ထပ်မင်္ဂလာပွဲကြီးကျင်းပပြီး ဇနီးမောင်နှံဖြစ်နေတော့မှာနော်။ တွေးမိတိုင်း တွေးမိတိုင်း ကိုကိုတောင့်တလိုချင်တဲ့ ပန်းတိုင်ကို ပို၍ပို၍ နီးကပ်လာနေတယ်ဆိုတဲ့စိတ်က သိပ်ကိုကြည်နူးဖို့ကောင်းတာပဲကွယ်။ အမြန်ဆုံးလည်းရောက်ချင်နေမိပြီ။ အချိန်တွေကိုကျော်လွှားပစ်လိုက်လို့သာရရင် သိပ်ကောင်းမှာပေါ့ကွယ်။ အဲ့ဒီလိုမဖြစ်နိုင်တော့လည်း စိတ်ရှည်သီးခံစွာနဲ့စောင့်ကြရမှာပေါ့နော်။ အနေအထိုင်၊ ကျန်းမာရေး ဂရုစိုက်ပြီး ကိုကိုနဲ့ပြန်လည်ဆုံမယ့်ရက်ကိုမျှော်စောင့်နေပေးနော်။ အလွမ်းတွေအတိုးချပြီး ပျော်ရွှင်ရမယ့် ရက်ကလေးတွေကို မြင်ယောင်စိတ်ကူးထားပေါ့ကွယ်။
-
သဲငယ်ရေ ...
လူသားတွေရဲ့လိုအင်နဲ့ပန်းတိုင်ဟာ ကုန်ဆုံး ရပ်တန့်သွားတယ်ရယ်လို့မရှိပါဘူးကွယ်။ ကိုကိုကိုယ်တိုင်လည်း ဒီလိုပါပဲ။ အများကြီးပေါ့။ အများကြီးထဲကမှ တကယ့်ကို အများကြီးအရေးကြီးတာက သဲငယ်ပဲမို့ သဲငယ်ကိုပိုင်ဆိုင်ရရေးအတွက် ကိုကို ကြိုးစားနေပါတယ်ကွယ်။ ကိုကို့ကို ယုံကြည်ပါလို့ပဲပြောတတ်ပြီး ယုံကြည်ထားပါလို့ပဲပြောချင်ပါတယ်။ ကိုကို့ကိုယုံကြည်လို့ သဲငယ်မမှားခဲ့ပဲ တစ်ချိန်မှာ သိပ်ကိုပျော်ရွှင်ရတဲ့ ခံစားချက်ကောင်းတွေပိုင်ဆိုင်စေရမယ်လို့ ကိုကိုအာမခံပါတယ်ကွယ်။ ယုံကြည်ဖို့ပဲလိုပါတယ်။
-
ကိုကို ( ချစ်မဝ )
25/03/2025 (SAVE DATE)
HAPPY 2 YEARS AND 9 MONTHS ANNIVERSARY DAY


Comments
Post a Comment