HAPPY 2 YEARS AND 8 MONTHS ANNIVERSARY DAY

 ချစ်ရတဲ့ကောင်မလေးရေ ..

ကိုကိုတို့ရဲ့ချစ်နေ့ရက်ကလးတွေက ၂ နှစ်နဲ့ ၈ လတိုင်ခဲ့ပြီနော်။ တစ်ဖြည်းဖြည်းနဲ့ နေ့ကိုလစားပြီး လပေါင်းများစွာတိုင်ခဲ့ပြီကွယ်။ လွမ်းလိုက်တာ သဲငယ်ရေ ..

အမြန်ဆုံး ပြန်ဆုံတွေချင်ပြီး သဲငယ်ကို တင်းတင်းကျပ်ကျပ်လေး ပွေ့ဖက်ထားချင်လိုက်တာ။ 


သဲငယ်ရေ ..

နောင်လမယ့် ၁၀ လလောက်ကို ခုန်ပျံကျော်လွှားပြီးရောက်ချင်လွန်းပါရဲ့။ ကိုကိုရက်ရှည်လများကြိုးစားရယူလိုချင်တဲ့ သဲငယ် ဆိုတဲ့ ကောင်မလေးရဲ့အနားမှာ ကာမပိုင်လင်ယောင်္ကျား အနေနဲ့ လင်ရယ်မယားရယ်လို့ စုံဖက်ချင်တဲ့ ဆန္ဒပေါ့။ အရိပ်ကိုလိုလို့ နေပူက စောင့်ရသလို ဒီအချိန်မှာတော့ အပတ်တကုတ် ကြိုးစားချင်းကပဲ တစ်ချိန်မှာ အသီးအပွင့်ဖြစ်လာမယ့်ရလဒ်ကောင်းတွေဆိုတာကို ယုံကြည်မြဲမြံပြီးတော့ ကြံ့ကြံ့ခံဖြတ်ကျော်နေပါတယ်ကွယ်။ ရင်ခုန်ရတဲ့ တစ်ရက်ပြီး တစ်ရက်ကို ကုန်ဆုံးဖြတ်သန်းနေရခြင်းပေါ့ ...


လွမ်းတယ် ကောင်မလေး ...

သဲငယ်ကို ကိုကို့ရဲ့ စိုးရိမ်မှုတွေ ဟာ အနားမှာ မရှိလို့ အခုလိုပိုပြင်းထန်ရပါတယ်။ သဲငယ်အတွက် ကိုကို့ရဲ့ စီစဉ်မှုဟာ ကိုကိုရော သဲငယ်ရောအတွက် အဆင်အပြေဆုံး နည်းလမ်းမို့လို့ ကိုကို ဒီလိုစီစဉ်ရခြင်းပါပဲ။ သဲငယ် ကြောင့်ကြ စိုးရိမ်မိတဲ့ အကြောင်းတရားတွေကို တွေးတောပြီး ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပေးတာ သိပ်ကိုကောင်းပါတယ်သဲငယ်ရေ ...။ ကိုကိုကလည်း သဲငယ်ကို ဘယ်တုန်းသောအခါမှ နစ်နာစေလိုသောစိတ်နဲ့ ထိခိုက်စေလိုခြင်း ကင်းမဲ့တယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ထားပါ။ သဲငယ်အတွက် ကိုကိုလုပ်ပေးနိုင်သမျှလုပ်ပေးနေမှာပါ ...။ အနာဂတ်မှာ ကိုကို့အနားရှိမှာ ဒီကောင်မလေးပဲမဟုတ်လား ...။

ကိုကိုကလည်း ဒီကလေးလေးကိုပဲ တောင့်တမြတ်နိုးချစ်မိရသူပါလေ ...

-

ကိုကို ( ခတ္တအဝေး )

25/02/2025 (SAVE DATE)

HAPPY 2 YEARS AND 8 MONTHS ANNIVERSARY DAY

Comments