HAPPY 2 YEARS AND 7 MONTHS ANNIVERSARY DAY

 သဲငယ်ရေ ...

ကိုကိုတို့ ချစ်သက်တမ်းက ဒီနေ့ဆိုရင် ၂ နှစ်နဲ့ ၇ လပြည့်ပြီနော်။ အချိန်တွေက တစ်ရက်ပြီး တစ်ရက်နဲ့ ကိုကိုတို့ရဲ့ ပန်းတိုင်လေးကို တဖြည်းဖြည်းနီးကပ်လာပြီပေါ့။ အခုဆိုရင် ကိုကိုတို့ မင်္ဂလာပွဲအတွက်တောင် တိုင်ပင်ကြ ပြင်ဆင်ကြနဲ့ နေ့ရက်တိုင်းက အလုပ်ကလေးတွေပိုပြီး စိတ်ခံစားချက်တွေကလည်း ပိုကောင်း ပိုပျော်ရတဲ့ နေ့ကလေးတွေပေါ့ကွယ်။ ကိုကို မသိတဲ့ နားမလည်တဲ့ ကိစ္စတွေမှာ ကိုကိုလည်း ဝင်မလုပ်ပေးနိုင် / မဆွေးနွေးတတ်လို့ အားတုံ့အားနာဖြစ်ရပါတယ် သဲငယ်ရေ။ နဲနဲ ပင်ပန်းနေပြီလား ...

ဖိုက်တင်းနော် ...




ကလေးလေးရေ ...

တချို့သော အရာကိစ္စတွေမှာ ကိုကိုတို့ဟာ အခုကတည်းက တိုင်ပင်ဆွေးနွေးအဖြေရှာ ညှိနှိုင်းထားရပါတယ်။ ဒါတောင် အပြည့်အဝ အပြည့်အစုံ ချုံငုံမိသေးတာ မဟုတ်ပါဘူး။ ကိုကို့အနေနဲ့ အဆင်မပြေတာတွေ / သဘောမကျတာတွေကို ကိုကို့ရဲ့ အရင်းနှီးဆုံးဖြစ်တဲ့ သဲငယ်ကို ပြောပြ တိုင်ပင်ဆွေးနွေးလုပ်ရတာတွေကတော့ ရှိနေမှာပဲလေ။ သဲငယ်လည်း နားလည်ပေးပါ။ ကိုကိုတို့ဟာ လက်ထပ်ပြီးအတူတကွနေမှ တချို့သော အရာ/ကိစ္စတွေကို အစကနေပြန်ဆွေးနွေး အဖြေရှာ အချိန်တွေကြာ ကတောက်ကဆတွေဖြစ်နေရမှာမျိုးကို ကိုကိုရော သဲငယ်ရော မလိုချင်မဖြစ်ချင်ကြဘူးပဲလေ။ 

ကိုကို့ဆိုလိုရင်းနဲ့ စိတ်သဘောကို သဲငယ်နားလည်မှာပါကွယ် ...။

-


ချစ်ရတဲ့ ကောင်မလေးရေ ...

ကိုကိုတို့ နောက်တစ်နှစ်ဆိုရင် လက်ထပ်မင်္ဂလာပွဲ ကျင်းပပြီး လင်ရယ်မယားရယ်လို့ ဖြစ်လာတော့မှာနော်။ ကိုကိုတော့ အချိန်တွေကိုကျော်ဖြတ်ပြီး အမြန်ဆုံးရောက်ချင်လှပြီကွယ်။ ရင်လည်း ခုန်တယ်။ ဒီနှစ်ထဲမှာတော့ သဲငယ် နဲနဲအပင်ပန်းခံပြီး အရာအားလုံးကို စီစဉ်ပြင်ဆင်ပေးထားအုံးနော်။ ကိုကိုကတော့ အဝေးမှာမို့ အားနာရပါတယ်။ တကယ်ဆို ကိုကိုတို့နှစ်ယောက်သား ဒါတွေကို လိုက်လုပ် စီစဉ်ပြင်ဆင်ရမှာမဟုတ်လား။ ကျေးဇူးပါကွယ်။ ကိုကိုလည်း ဒီပွဲကို အလှပဆုံး အသေသပ်ဆုံးဖြစ်အောင် ပေါ်လွင်လာဖို့ ကြိုးစားနေပါတယ်နော် ...

ချစ်တယ် ကလေးလေး ...

-

- 25/1/2025 (savedate)
Happy 2 Yr & 7 Mths Anni Day


Comments