Happy Mary Christmas & 2 Years 6 Months Anniversary Day

 သဲငယ်ရေ ...

၂ နှစ်ခွဲတိုင်ခဲ့တဲ့ ကိုကိုတို့ရဲ့ နှစ်ပတ်လည်ရက်ကလေးပေါ့ကွယ်။ တရွေ့ရွေ့နဲ့ နီးကပ်လာပြီဖြစ်တဲ့ ကိုကိုတို့ ပန်းတိုင်လေးကို မြင်နေရပြီပေါ့။ ပန်းတိုင်သို့သွားရာလမ်းမှာ နှစ်ယောက်အတူ လုပ်ချင်ဖြစ်ချင်တဲ့ Goals လေးတွေလည်း တစ်စ တစ်စ ပိုပြီး ပြီးမြောက်ခဲ့တယ်လေ။ ဒါပေမယ့် ကိုကိုတို့ အတူ ဆုံချင်လှတဲ့ Plan တစ်ခုတော့ ပျက်ပျယ်သွားရတာ စိတ်ထဲ တကယ်မကောင်းလှပါဘူး။ ကိုကိုပြောသလိုပဲ ကိုယ်မဖြစ်ချင် မလိုချင်ပေမယ့် ဖြစ်လာတော့လည်း လက်ခံရတာပဲပေါ့ကွယ်။ အတူ ဆုံတဲ့အခါ ဘာတွေဘယ်လိုလုပ်မယ်၊ ဘယ်သွားမယ်၊ ဘာစားမယ်ဆိုတဲ့ စိတ်ကူးလေးတွေလည်း အငွေ့ပျံပျောက်ကွယ်သွားရတော့တာပါပဲ။ စိတ်မကောင်းဖြစ်ပေမယ့် တကယ့်အရေးအကြီးဆုံး ပန်းတိုင်ကိုပဲ ရှေးရှုဦးတည်ရမယ်ပေါ့ကွယ်။


ချစ်ရပါသော ကောင်မလေးရေ ...

လွမ်းရတဲ့ရက်တွေကုန်လွန်ပြီးဆုံးစေချင်လှပြီကွယ်။ အကယ်၍ အချိန်တွေ၊ ရက်တွေကိုသာ ကျော်လွှား ကုန်လွန်ပစ်လို့ရမယ်ဆိုရင် ကိုကို အရောက်ချင်ဆုံး နေ့ရက်ကလေးကို အမြန်ဆုံး သွားပြစ်လိုက်မှာပဲကွယ်။ သဲငယ်နဲ့ ကိုကိုနဲ့  လက်ထပ်ပြီး အတူတူ နေရတဲ့ ရက်တွေကို အမြန်ဆုံး ရောက်ချင်လှပါပြီ။ အဲ့ဒီရက်ကလေးကို သဲငယ်ရော ကိုကိုရော ရင်ခုန်နေရတာနော်။ ရက်တွေကြာလွန်းလိုက်တာကွယ် ....



ကလေးလေးရေ ...

အတူဆုံကြတဲ့အခါ ဘာလုပ်မယ်လို့ စဉ်းစားထားလဲကွယ်။ ကိုကိုကတော့ ခရီးသွားချင်တယ်။ သဲငယ်နဲ့ အတူတူ အနားယူအပန်းဖြေရတာကို သိပ်ကိုတောင့်တတယ်။ အချိန်ရတဲ့အခါ ခရီးတစ်ခုခု ထွက်မယ်လို့ စဉ်းစားတယ်။ ကိုကိုကတော့ ကမ်းခြေတွေနှစ်သက်တယ်။ လှိုင်းသံတွေ၊ ခန္ခာကိုယ်ကို လေတွေ တိုးဝှေ့နေတာတွေ၊ သဲငယ်ကိုပွေ့ဖက်ပြီး လှိုင်းသံတွေနဲ့အတူ ညကောင်းကင်က ကြယ်တွေကို ကြည့်ရတာတွေ သိပ်ကို သဘောကျတယ်။ သဲငယ်ရော ... ဘာလုပ်ချင်လဲကွယ်။ ...

ချစ်တဲ့ .. ကိုကို ..

25.12.2024

2Y6M Anni Day

SaveDate









Comments