Happy 2 yr & 4 mths Anni Days

 ကိုကို့ရဲ့ ကောင်မလေးရေ ...

ရက်တွေလတွေများစွာ ကျော်လွန်သွားခဲ့တဲ့နောက် ဒီနေ့ဆိုရင် ကိုကိုတို့ရဲ့ ချစ်သက်တမ်း ၂ နှစ်နဲ့ ၄ လပြည့်တဲ့ရက်ကလေးနော်။ အနားမှာ အတူတူ ရှိချင်လိုက်တာကွယ်။ ရှိခဲ့မယ်ဆိုရင် ပျော်ရွှင်ရတဲ့ တနေ့တာလေး ဖြစ်မှာ အမှန်ပဲပေါ့။ သွားချင်ရာသွား စားချင်ရာ စားလို့ တစ်ရက်တာလုံးဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြည်နူးချမ်းမြေ့နေရမယ့် ရက်ပေါ့။


သဲငယ်ရေ ...

အချိန်တွေကတော့ ကုန်နေတာပါပဲ။ ကိုကိုတို့ အတူတူ ရောက်ချင်တဲ့ပန်းတိုင်ကို ကြိုးစားရင်းနဲ့အချိန်တွေကို ကျော်ဖြတ်ကြမယ်လေကွယ်... နော်။ ကိုကိုသွားနေတဲ့ ပန်းတိုင်ကတော့ သဲငယ်ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်းသိပြီးသားပဲလေ။ သဲငယ်မှာလည်း ကိုကိုနဲ့ထပ်တူ ပန်းတိုင်ကို အတူ သွားချင် ရောက်ချင်ပေမယ့် သဲငယ်ရဲ့ တခြားသော သီးခြားစိတ်ဆန္ဒတွေလည်း ရှိမယ်ဆိုတာ ကိုကို သိထားပါတယ်။ သဲငယ်မိသားစုအတွက်လည်း သဲငယ်လုပ်ပေးချင်တဲ့ စိတ်ရှိမှာပဲလေ။ ဒီ့အတွက်ကြောင့် သဲငယ်အခုလျှောက်လှမ်းရွေးချယ်ထားတဲ့ အကောင်းဆုံးသော (ကိုယ်လည်း တကယ် လုပ်နိုင်တဲ့ ) လမ်းကို သေချာပေါက် ကြိုးစားရမယ်လေကွယ် ... နော်။ ကိုကိုလည်း စွမ်းနိုင်သမျှ ဖေးမကူညီနေမှာပဲလေ။ သဲငယ်သာ တကယ်လုပ်ချင် ဖြစ်ချင်ရင် ဘယ်အရာကမှ အတားအဆီးမဖြစ်ပါဘူးကွယ်။ ကိုယ့်ရဲ့ တကယ့်လိုအင်ကို ဘယ်အရာကမှ အတားအဆီးမခံနဲ့လေနော်။ အရှုံးပေးလို့မရဘူး။ အရှုံးပေးခဲ့ရရင် အဲ့တာ အတားအဆီး အခက်အခဲဆိုတာကြောင့်မဟုတ်ပဲ ကိုယ့်ရဲ့ ဆင်ခြေ အကြောင်းပြချက်နဲ့ ကိုယ်ကိုတိုင်က ပျော့ညံ့လို့ လို့မှတ်ယူရမယ်။ ဒီလိုစိတ်ထားရမယ်။ စာကြိုးစားပါ သဲငယ်ရေ။ အချိန်တွေက သူ့ဘာသာ ကိုယ်သတိမထားမိပဲကို ကုန်လွန်နေတာပါ။ ကုန်လွန်သွားတဲ့အချိန်ကို တန်ဖိုးရှိခဲ့လား မရှိခဲ့လား ဆိုတာကို ကိုယ်ဘာတွေ ရခဲ့လဲ/ ဘာတွေဖြစ်ချင်တာတွေကို ဖြစ်ခဲ့လဲဆိုတာကသာ တန်ဖိုးအဖြစ် ပြယုဂ်ဖြစ်တည်မှာပါ။ ကိုကို ပြောချင်တာကို သဲငယ်နားလည်ပါတယ်ကွယ်။ သဲငယ်သာ ကြိုးစားစမ်းပါ ကိုကို သဲငယ်နားမှာ ကြုံလာသမျှအခက်အခဲတွေအတွက် အမြဲတမ်းအတူရှီနေမှာပါ။


ချစ်ရပါသော ချစ်သောလေးရေ ...

ကိုကို့အခန်းထဲချိတ်ထားတဲ့ Couple Photos လေးတွေကိုပဲ ကြည့်ရင် အလွမ်းတွေဖြေနေရတဲ့ နှစ်ပတ်လည် လပတ်လည် ရက်လေးတစ်ခုနော်။ ဒီမှာက ဆောင်းဦးကလည်း အေးနေလိုက်တာကွယ်။ လိုနေတဲ့အနွေးဓါတ်လေးကို ဒီကမ္ဘာရဲ့ ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် သဲငယ်ရင်ခွင်ကမှ မဟုတ်ရင် ကိုကိုတော့ အဲ့ဒီ့အနွေးဓါတ်လေးကို တစ်သက်လုံး ရမှာ မဟုတ်ပါဘူးကွယ်။ အဲ့ဒီ့အနွေးဓါတ်လေးက နှလုံးသားကနေ နှလုံးသားဆီ တိုက်ရိုက်လာတဲ့ ဓါတ်ကလေးမို့လို့ ကိုကိုတော့ အရည်ပျော်နွေးထွေးသွားမှာ အသေအချာပဲနော်။ လွမ်းတယ်ကွယ်။ 

ချမ်းလည်း ချမ်း ... လွမ်းလည်း လွမ်းနေရတဲ့ ... " ကိုကို " ။     ။

-

-

25-10-2024 ( Save Date )

Happy 2 Years and 4 Months Anniversary Day

Comments