Happy 2 Years and 3 Months Anniversary Day

 သဲငယ်ရေ ..

ကိုကိုတို့ ချစ်သက်တမ်းက 2 နှစ်နဲ့ 3 လတိုင်ခဲ့ပြီနော် ..

ရည်ရွယ်မျှော်လင့်ရာအများအပြားကိုလည်း ကိုတို့လုပ်နိုင်ခဲ့ပြီ ..

ရှေ့ဆက်သွားနေတဲ့ ပန်းတိုင်ကို မှန်မှန်လေးသွားနေဖို့ပဲ လိုတော့တာပါ ..

ကိုကို ကတော့ ဒီပန်းတိုင်ကို မရောက်ရောက်အောင်သွားမှာပါ။ ကိုကို့ရဲ့ အနာဂတ်ဟာ သဲငယ်ဆိုတဲ့ မျှော်လင့်ချက်မို့ပါပဲ။ 

... 


လွမ်းတယ် သဲငယ်ရေ ...

ပန်းတိုင်သို့သွားရာလမ်းမှာ အလွမ်းဟာ အထီးကျန်ခြင်းကို အဖော်ပြုနေရတယ်ကွယ်။ ဒါပေမယ့်လည်း အားအင်တစ်ခုအဖြစ် အမြဲ တွေးမြင်ခံယူတတ်လိုက်ခြင်းဟာ ကိုကို့ရဲ့ ကောင်းတဲ့ ဉာဉ်ပေါ့။

ဒီဉာဉ်ကလေးနဲပဲ ကိုကိုဟာ နေ့ရက်ပေါင်းများစွာကို အလွမ်းများနဲ့လည်း ကျော်ဖြတ်ရှင်သန်နေပါတယ်ကွယ်။ တစ်ချိန်မှာ တင်းတင်းကြပ်ကြပ်ပွေ့ဖက် နမ်းရှိုက်နိုင်ဖို့အတွက် လွမ်းနေရခြင်းပါပဲ။

မဝေးတော့တဲ့ အနာဂတ်မှာ ကိုကိုတို့ဟာ ကိုကိုတို့ လိုချင်/ဖြစ်ချင်တဲ့ ဘဝ တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်နိုင်တော့မှာဆိုတာတော့ အသေချာဆုံးပါပဲ။ ဒီမျှော်လင့်ချက် ဒီအတွေးနဲ့ ကိုကို့ရဲ့ နေ့ရက်တိုင်းဟာ သက်ဝင် ဖြစ်တည်ရပါတယ်ကွယ်။

... 


ချစ်ရတဲ့ ကောင်မလေးရေ ...

ကိုကိုက သဲငယ်အတွက် ရှိပေးမယ် သဲငယ်ဟာ ကိုကို့အတွက်ရှိပေး၊ ။ ဒါဆိုရင် ကိုကိုတို့ တည်ဆောက်ဖန်တီးမယ့် ဘဝ တစ်ခုဟာ အကောင်းမွန်ဆုံးနဲ့ အလှပဆုံးဖြစ်လာမှာတော့ ယုံကြည်တယ်မို့လား။

ကိုကိုတို့ နှစ်ယောက်တည်းပဲ ကမ္ဘာတစ်ခု တည်ဆောက်ပြီး နှစ်ယောက်တည်းပဲ ကမ္ဘာတစ်ခု နေချင်တယ်။ ဒီလို ခံစားချက်အတွေးအမြင်နဲ့ ကိုကိုတို့ရှင်သန်ကြမယ်နော်။ ကိုကိုတို့ကြားမှာ ကိုကိုတို့ကိုယ်တိုင်မဟုတ်တဲ့ အမှောင့်/အဖျက်တွေ ဝင်လာမှာ ကိုကို တော်တော်ကြောက်ပါတယ်။ ကိုကိုတို့ရဲ့ ရည်ရွယ်မျှော်လင့်ရာဟာ လှပတဲ့ အနာဂတ်လေးမို့ ကိုကိုတန်ဖိုးထား ပြုစုပျိုးထောင်နေတဲ့ အချိန်ကာလတွေအတွင်းမှာ ဘာအကြောင်းကြောင့်နဲ့မှ ကိုကိုတို့ အထိအခိုက်/အပျက်အစီး ခံလို့မဖြစ်ဘူးနော်။ ကိုကိုတို့ရဲ့ အနာဂတ်ကို ကိုကိုတို့ကိုယ်တိုင်ပဲ ဖန်တီးတည်ဆောက်ကြမယ်နော်။

သိပ်ချစ်တယ် ...

" သဲငယ်အတွက် ကိုကို " ...။

-

25/09/2024

Save Date ( 2 Yrs 3 Mth Anni Day )

Comments