Happy 2 Years & 2 Month Anniversary Day

Happy 2 Years & 2 Month Anniversary Day လေးပါ သဲငယ်ရေ ...

( ဒီစာစုကို နောက်ကျမှ ရေး/တင် နိုင်ခဲ့တဲ့အတွက် တင်ကြိုပြီးတောင်းပန်ပါတယ်နော် ... )

ရန်တွေဖြစ်လိုက် / စိတ်တွေကောက်ကြလိုက် / နားလည်မှုတွေပြန်ရလိုက် / နှစ်ယောက်ကြားက မချောမွေ့မှုတွေကို အတူကြိုးစား ဖြေရှင်းလိုက်ြကနဲ့ ကိုကိုတို့ချစ်သက်တမ်းက 26 လတိုင်ခဲ့ပြီပေါ့။ တစ်ဦးပေါ် တစ်ဦး ဘယ်လောက်ပဲ စိတ်ဆိုး / စိတ်ကောက်ကြပါစေ ကိုကိုတို့အချစ်ဟာ မယိုင်မလဲပဲ ခိုင်ခိုင်မြဲမြဲနဲ့ကို ရှေ့ဆက်သွားနေမှာပါ။ ကိုကို့ကိုလည်း အမြဲနားလည်ပေးလို့ ကျေးဇူးတင်ပြီးပိုပိုချစ်ရပါတယ်။ အမြဲလည်း တစ်ရက်ထက်တစ်ရက် ပို၍ပို၍ တိုးတိုးချစ်ပြီး ကိုကိုတို့ရဲ့ အနာဂတ် ပန်းတိုင်ကို ရောက်အောင်သွားမှာပါ။ ဒီအတွက်တော့ ယုံကြည်ထားပါ။ ကိုကို့အိပ်မက်နဲ့ ထာဝရ လက်တွဲဖော်ဟာ သဲငယ်ဆိုတဲ့ အရူးမလေးပဲပေါ့ကွယ်။ 


သိပ်ချစ်တယ် ကလေးလေးရေ ...

ကိုကိုဟာ ဘဝမှာ ရှိခြင်း/မရှိခြင်းတွေ အနိမ့်အမြင့်အတက်အကျတွေ လောကဒဏ်ဆိုတဲ့ အရာများစွာကို အတော်များများ ရင်ဆိုင်ကြုံတွေ့ဖြတ်ကျော်ခဲ့ဘူးပါတယ်။ တွေးမိတိုင်း တွေးကြောက်ရပြီး ရင်မဆိုင်/ မကြုံတွေ့ချင်တာက အနားမှာ သဲငယ်မရှိတော့မှာပါကိုပဲ။ ဒီကလေးမလေးကို ကိုကို သိပ်ချစ်လွန်းပြီး စွဲလမ်းရတဲ့ အိပ်မက်တွေများစွာနဲ့ အနားကို မရောက်ရောက်အောင် ပြန်လာခဲ့သူပါ။ ( တစ်ခါတစ်ရံမှာ ကိုကိုဟာ သိပ်ကို လက်တွေ့ဆန်လွန်းနေပါလိမ့်မယ်။ ဒါကို နားလည်ပေးပါ ကလေးလေးရေ။ ကိုကိုဟာ လူလားမြောက်ကတည်းက လောကဒဏ်ကို ကြုံတွေ့ရင်ဆိုင်ခဲ့ရသူမို့ အရာရာကို လက်တွေ့ကျကျ ဖြေရှင်း လိုက်ခြင်းဟာ ကိုကိုနဲ့ အရိုးစွဲသလို ကပ်ပါနေတဲ့ ဖြစ်တည်မှု ဖြစ်နေလို့ပါ။ )

-

အခုအချိန်မှာ ကိုကို အဖြစ်ချင်ဆုံး ဆန္ဒက ဘာလဲသိလား ? 


-

သဲငယ်ကို တင်းတင်းကျပ်ကျပ်ကို ပွေ့ဖက်ထားချင်တာပါပဲ။ ချစ်သူမျက်နှာကို တစ်စိမ့်စိမ့်ကြည့်ပြီး ပွေ့ဖက်ထားနိုင်ဖို့ ဖြစ်နိုင်ရင် အခုတောင် မြန်မာပြည်ကို ပြန်လာချင်ပါရဲ့ကွယ်။

( Video Clip လေးကတော့ အချိန်သိပ်မရတာရော၊ App ကို Use To မဖြစ်သေးတာရောမို့ မသပ်မရပ်ဖြစ်သွားတာ သီးခံပေးပါနော် )

-

သဲငယ်လေးရဲ့ ကိုကို

25/8/2024

Save Date

Happy 2 Years & 2 Month Anniversary Day (Memo)

Comments