Happy 2 Years & 1 Month Anniversary Day

 ကောင်မလေးရေ ...

တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ်နဲ့ လပေါင်းများစွာ ၊ ရက်ပေါင်းများစွာတိုင်ခဲ့ပြီနော်။ တစ်ရေ တစ်မြေတည်း မရှိပေမယ့် စိတ်ချင်းနဲ့ဆက်သွယ်ပြီး လူချင်းနီးနီးလေးလို ခံစားချက်မျိုး ရရှိနေကြရတာက တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်ပေါ့ကွယ်။ နေ့ရက်တိုင်းမှာ သတိတရရှိကြ၊ လွမ်းကြရနဲ့ ဘယ်လောက်များနွေးထွေးလိုက်သလဲ။ ဒီလိုမျိုး အမြဲအတူ ရှိကြမယ်နော် ....။




သဲငယ်ရေ ...

ကိုရီးယားရဲ့ နွေရက်တွေက ပူပြင်းရှည်ကြာလွန်းလိုက်တာကွယ်။ တစ်ရက်တာ ကုန်ဆုံးဖို့အရေး အတော်ကို တောင်းဆုပြုရတဲ့နေ့ရက်များစွာပါပဲ။ လုပ်ငန်းခွင်နဲ့ ရာသီရဲ့ ပင်ပန်းနွမ်းလျစေမှုမှာ ကိုကိုဟာ မယိုင်မနဲ့ပဲ အနာဂတ်ပန်းတိုင်ဆီရောက်ဖို့ တစ်ရက်ချင်း ကြိုးစားနေပါတယ်ကွယ်။ အတူတူသာရှိရင် ဘယ်လောက်များ ကောင်းလိမ့်မလဲဆိုတဲ့ အတွေးအကြံတွေကလည်း ခဏခဏ တွေးမိပါရဲ့။ အမြန်ဆုံး ဆုံချင်တွေ့ချင်လိုက်တာကွယ်။




ချစ်ရတဲ့ကောင်မလေးရေ ...

ကိုယ်တကယ်ရောက်ချင်တဲ့ပန်းတိုင်အတွက် အားမလျော့/မဆုတ်မနစ် နဲ့ကြိုးစားရမယ်နော်။ ကိုယ်တကယ်ရောက်ချင် လိုချင်ရင် ဖြစ်ကိုဖြစ်ပါတယ်ကွယ်။ ရပ်နေရင်သာ ဘယ်မှ မရောက်ပဲနေမယ်။ သွားနေရင်တော့ ရောက်မှာဆိုတာ ကျိန်းသေပါပဲ။ ဘာတစ်ခုခုမှ မလုပ်ပဲနဲ့တော့ ဘာမှမဖြစ်ဘူးဆိုတဲ့ ကြောင်းကျိုးဆက်စပ်မှုကို သဲငယ်ကောင်းကောင်းနားလည်ပါတယ်။ ဆိုတော့ .. ကိုယ့်ပန်းတိုင်ကို မဝေဝါး၊ မထွေပြားပဲ နေ့တိုင် နေ့တိုင်း တစ်လှမ်းခြင်း တစ်လှမ်းခြင်း ချီတက် ကြိုးစားရမယ်နော်။ အားမလျှော့နဲ့ ...
ဖိုက်တင်း ...

-

ကိုကို

25/07/2024

Happy 2 Years & 1 Month 

Save Date

Comments