Happy 2th Year Anniversary’s Day

ကောင်မလေးရေ …
၂ နှစ် တိုင်ခဲ့ပြီနော်။ သဲငယ်ဟာ ကိုကို့အတွက် လင်းလက်ပေးခဲ့တဲ့ ကြယ်ကလေးပေါ့ကွယ်။ ကြယ်ကလေးရဲ့ ဖေးမ အလင်းပြမှုတွေကြောင့် ကိုကိုလျှောက်ခဲ့တဲ့ လျှောက်နေတဲ့ လမ်းတွေ ချောမွေ့ အဆင်ပြေနေတာပေါ့ကွယ်။ ကိုကို သွားနေတဲ့ လမ်းကလည်း ဒီကြယ်ကလေးအနားမှာ တစ်ဘဝလုံး အတူရှိပြီး သာယာပျော်ရွှင်ရတဲ့ Lifestyle လေး တစ်ခု ရရှိဖို့ပါပဲ။ ရောက်တော့မယ်နော် 
မဝေးတော့ဘူး …။
-
သဲငယ်ရေ …
တကယ်တော့ အခုလို နှစ်ပတ်လည် နေ့မျိုးမှာ သဲငယ်အနား ကိုကိုက ပိုရှိသင့်တာပေါ့နော်။ မရှိနိုင်သေးတဲ့အတွက် နားလည် ခွင့်လွှတ်ပေးထားပါအုံးကွယ်။ နောင်များမှ ပြန်လည်ပေးဆပ် ဖာထေးပါ့မယ်။ အကြွေးမှတ်ထားပေါ့။ 
စကားမစပ် …
ကော်ဖီတူတူမသောက်ရတာ ကြာပြီနော်။ သောက်ချင်လိုက်တာကွယ်။ အရင်လို သဲငယ်မွှေပေးလို့ ထွက်လာတဲ့ ကော်ဖီရဲ့ ရနံ့မှာ သဲငယ်မျက်နှာလေးကိုကြည့်နေရတဲ့ နှစ်လိုအေးမြရတဲ့ ခံစားချက်ကလေးကို သိပ်ကို လွမ်းနေရတာပေါ့ကွယ်။


-
ကောက်တေးမလေးရေ …
အကောက်အကွေးလေးတွေလည်း လျှော့အုံး။ ဒီလူကြီးကို ပိုချစ်ပိုဂရုစိုက်ပေးဖို့ပဲ စဉ်းစား။ ကိုကိုက အဝေးမှာ နေရတာ။ အထီးကျန်တယ်။ အမြန်ဆုံး အနားလာပြီး ဂရုစိုက်ပေးနိုင်ဖို့ကြိုးစား။ အတူတူ သွားချင်တဲ့ ပန်းတိုင်က ရောက်ကို ရောက်ရမှာပဲမို့လား …။ လွမ်းလှပြီ….
-
ဒေါ်ကောက်ကွေးရဲ့လူကြီး ကိုကို …
Happy 2th Anniversary’s Day
Save Date (25/06/2024)

Comments