Happy One Year and Eleven Months Anniversary Days

 သဲငယ်လေးရေ ...

တစ်နှစ်နဲ့ ဆယ့်တစ်လ ပြည့်ခဲ့ပြန်ပြီပေါ့။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ကိုကိုတို့ဟာ ဝေးနေပေမယ့် နီးနီးလေးပါပဲ။ ဒီလို ခဏခဏ ရန်ဖြစ်ဖို့ဆိုတာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြခြင်းဆိုတဲ့ ပြယုဂ်ပဲ မဟုတ်လား။ တစ်ယောက်ရင်ထဲ တစ်ယောက်သာ မရှိဘူးဆိုရင် အရာရာဟာ ဥပေက္ခာ ပဲမို့ မြောက်ဝင်ရိုးစွန်း ရေခဲပြင်တွေလို တိတ်ဆိတ် နေတော့မှာပေါ့။ သိပ်ချစ်ကြခြင်းကြောင့်သာ ရင်ထဲစိုးမိုးတဲ့အကြောင်းတရားတွေကြောင့် ရန်ဖြစ်ကြတာပေါ့နော်။ 

ဒီသဘောတရားလေးကို သဲငယ်ရော ကိုကိုရော ကောင်းစွာ သိနားလည်ထားရမယ်နော်။ သိပ်ချစ်တဲ့ ကိုကို၊ သိပ်ရစ်တဲ့ ကိုကိုပေါ့ကွယ်။


ကောင်မလေးရေ ...

အချိန်တွေဟာ မြန်တယ်နော်။ ကိုကိုလည်း ကကြီးကိုရောက်တာ ၄ လနီးပါး ရှိလာပြီပေါ့ကွယ်။ အချိန်တွေကတော့ တဖြည်းဖြည်းနဲ့ကုန်ဆုံးနေမှာပါ။ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားရခြင်းနဲ့ နည်းတူ ကိုကိုတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အတွက် ပိုနီးသထက် နီးလာဖို့ကသာ တကယ့်ကို ကောင်းမွန်တဲ့ရလဒ်မို့လား။ ဒီ့အတွက် ကိုကိုကြိုးစားနေလျက်ပါနော်။ ဒါပေမယ့် တခါတရံမှာ ကိုကို့ကို အားမရတာ ( ငွေကြေးကို စီမံခန့်ခွဲ သုံးစွဲတာနဲ့ပက်သက်ပြီး၊ ကိုကိုက ကပ်စေးနဲတယ် ထင်တာ ) မျိုးတွေအတွက် ကိုကို့ကို နားလည်ပေးပါလို့ပဲ ကိုကိုတောင်းဆိုထားချင်ပါတယ်။ ကိုကိုလည်း ကိုကိုချစ်ရတဲ့ သဲငယ်လေးကို အရာအားလုံးမှာ အကောင်းမွန်ဆုံးဆိုတွေပဲ ပေးပြီး ပျော်ရွှင်စေချင်တာပေါ့ကွယ်။ ဒါပေမယ့် တကယ့်ရည်ရွယ်ရာပန်းတိုင် ( Main Subject ) ကို မရောက်သေးသရွေ့ တခြားသော Minor Case တွေမှာ တလွဲဆံပင်ကောင်း မိလို့ ပန်းတိုင်အတွက် ခက်ခဲရပါတယ်ဆိုတဲ့ အဖြစ်မျိုး ကိုကိုလုံးဝ အဖြစ်ခံမှာမဟုတ်ပါဘူး။ အချိန်တွေသာ ကုန်ဆုံးသွားတယ်။ ၂ နှစ်ဆိုတဲ့ နှစ်ကာလကသာ ကျော်ြဖတ်သွားတယ် ကိုကို ဘယ်လောက်စုမိသွားပြီး Plan အတိုင်း ဖြစ်/မဖြစ် ဆိုတာကသာ ကို့ကို့ရဲ့အရည်အချင်းအဖြစ် ၂ ဖက်သော ဝန်းကျင်အသိုင်းအဝိုင်းတွေက ဆုံးဖြတ်ကြ သတ်မှတ်ကြမှာပါ။ ဒီသဘောတရားကိုကောင်းကောင်းသိထားတဲ့ ကိုကို့အတွက် အချိန်တိုင်း၊ နေ့တိုင်း၊ လတိုင်းတာ တန်ဖိုးထားဖြတ်သန်းနေရတဲ့ ရက်များစွာပါပဲကွယ်။


ချစ်ရတဲ့ ကလေးလေးရေ ...

ချစ်လို့ အူတိုတယ်၊ သဝန်တိုတယ်၊ စိတ်မချဘူးဆိုလည်း အပွင့်လင်းဆုံးပဲ ဖွင့်ဟ ဝန်ခံပေါ့ကွယ်။ ဝန်မခံချင်လို့ ကာဗာလုပ်ပြီး ပြောင်းလဲနေတာလားတို့၊ မသင်္ကာတော့ဘူးတို့၊ အချိုးပြောင်းနေတယ်တို့ စတဲ့ ပါးစပ်ထဲတွေ့ရာတွေနဲ့ ကိုကို့ရဲ့ ကိုယ်ကျင့်တရားနဲ့ သိက္ခာကို ထိပါးစေမဲ့ စကားမျိုးတွေ မပြောပါနဲ့လားကွယ်။ သဲငယ် ကိုကို့ကို ချစ်တာ ကိုကိုသိတယ်။ ထို့အတူ သဲငယ်ကို ကိုကိုသိပ်ချစ်တာလည်း သဲငယ်သိတာပါပဲ။ ကြောင့်ကြစိတ်တွေများပြီး အဆိုးတွေ၊ မဖြစ်နိုင်တာတွေ၊ မိုးမပြိုဘူး ပြိုခဲ့ရင်ဆိုတဲ့ အတွေးမျိုးတွေနဲ့ ကိုယ့်ကိုကိုယ် ပူလောင်မွန်းကြပ်နေတဲ့ သဲငယ်ကို ကိုကိုလည်း ဘယ်လိုကုစားရမလဲတကယ်မသိတော့တာပါ။ သဲငယ် ဆိုတဲ့ ဒီပန်းတိုင်ကိုရောက်ချင်လို့ တစိုက်မတ်မတ်ကြိုးစားလျှောက်လှမ်းနေတဲ့သူကို သဲငယ်ရဲ့ မလိုအပ်သောကြောင့်ကြမှုတွေနဲ့ နှစ်ယောက်သား ထိရှရမယ့် စကားတွေ အတွေးအမြင်မျိုးတွေကို အတတ်နိုင်ဆုံး ကြိုးစား ဖျောက်ဖျက်သင့်တယ်နော်။ သဲငယ်အတွက်လည်း အကျိုးမရှိ၊ ကိုကို့အတွက်လည်း အကျိုးမဲ့ ဘယ်အရာမှာမှလည်း ကောင်းကျိုးရလဒ်မရှိတဲ့ ကြောင့်ကြမှုတွေပေါ့ကွယ်။ ကိုကိုပြောတဲ့ ( ကိုကို့ရင်ထဲက စကားတွေ ) အကြောင်းတရားတွေကိုနားလည်မယ်လို့ ထင်ပါတယ်။ တဖြည်းဖြည်းနဲ့ မိုးတွင်းရောက်လာပြီး မိုးတွေပိုပိုရွာလာတော့မယ်။ နေကောင်းအောင် ပိုပြီးဂရုစိုက်နေပါ။ မိုးမမိ/မိုးမစိုပါစေနဲ့။ စာတွေကို ခေါင်းအေးအေးနဲ့ သေသေချာချာလုပ်ပါ။ ( သေသေချာချာလုပ်ရင် စာကရပါတယ်။ ) ပူပန်သောကစိတ်တွေနဲ့ စာလည်းမလုပ်မိစေနဲ့။ အချိန်ပဲကုန်တယ်။ စာရမှာမဟုတ်ဘူး။ ကိုကိုကတော့ နေ့ရက်တိုင်း ကျန်းမာရေး ဂရုစိုက်ပြီး၊ အလုပ်ကိုကြိုးစားလုပ်လို့ ကိုကိုတို့ တကယ်သွားချင်ရောက်ချင်တဲ့ ပန်းတိုင်အတွက် မဆုတ်မနစ်ကြိုးစားနေပါတယ်။ နေ့တိုင်းနေ့တိုင်း လွမ်းနေရင်းပေါ့ကွယ်.....။

너무 사랑해. 보고 싶어.

Ko Ko ( South Korea )

25.5.2024 ( Save Date)






Comments