Happy One Year and Ten Months Anniversary’s Day

 သို့ /

ချစ်သော သဲငယ်ရေ …

၁ နှစ်နဲ့ ၁၀ လပြည့်ရဲ့ ရက်ကလေးပေါ့ကွယ်။ သတိထားမိမယ်ဆိုရင် ၂ နှစ်ပြည့်ဖို့ ရက် ၆၀ ပဲ လိုတော့တာပေါ့။ အရာရာကို ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်လမ်းကိုယ်ဖောက်ကြတဲ့ ကိုကိုတို့ရဲ့ အနာဂတ်လမ်းလေးကို အတူတကွ လျှောက်လှမ်းနေခဲ့ကြတဲ့ လပေါင်း ၂၀ ပြည့်ပေါ့ကွယ်။ သွားချင်တဲ့ ပန်းတိုင်အတွက် စိတ်ရှည်ရှည်ထားပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ကိုကိုထုဆစ်နေတဲ့ အနာဂတ်ကောင်းလေးကလည်း တဖြည်းဖြည်း ရုပ်လုံးကြွပီပြင်လာပြီး အကောင်အထည်ပေါ်လာပြီပဲ မဟုတ်လား။ ထပ်ပြီး စိတ်ရှည်ထားအုံးနော်။ ကိုကိုလည်း စိတ်ရှည်ရတာပဲ။ သဲငယ်ပြောသလို နှစ်တွေကို ကျော်ခွပြီး အနာဂတ်မှာ ဘာဖြစ်မလဲ သိချင်/မြင်ချင်လိုက်တာ ဆိုတာလိုမျိုး ကိုကိုလည်း တစ်ရက်ပြီး တစ်ရက် နှေးကွေးစွာ ကုန်လွန်စောင့်စားနေရတာကို စိတ်မရှည်ပါဘူးကွယ်။ ကိုကိုတို့ ရောက်ချင်တဲ့ပန်းတိုင်ကို အခုချက်ခြင်းတောင် ရချင် ရောက်ချင်ပါရဲ့။ ဒါပေမယ့်လည်း ဘဝပေး ကုသိုလ်ကံကို အံတုပြီး ကိုယ့်လမ်းကိုယ်ဖောက်ရတဲ့ အခြေအနေမှာတော့ ဒီလိုပဲ အရာအားလုံးကို သည်းခံ၊ ထုသား ပေသားကျအောင်ပြုပြင်၊ မယိုင်လဲရအောင် ဇွဲတင်းလို့ ကိုယ့်ပန်းတိုင်ကို မမှိတ်မသုန် အရောက်သွားနေပါတယ်။ မလွယ်ကူတဲ့ ဘဝမှာ လိုချင်တာ ဖြသ်ချင်တာအတွက် ရအောင် ကြိုးစားနိုင်ခြင်း ကပဲ လူတော်မို့လား။ ကိုကို လူတော် မဟုတ်ရင်တောင် လူညံ့ မဖြစ်ချင်ဘူး။ ကိုကို့ပန်းတိုင်ဖြစ်တဲ့ သဲငယ်နဲ့ အတူတကွ ပေါင်းဖက်ရခြင်းဆိုတဲ့ မျှော်လင့်ခြင်းဆန္ဒအတွက် အရာအားလုံးကို စိန်ခေါ်၊ ရင်းနှီး၊ ကျော်ဖြတ် လို့ ကိုကို အရောက်သွားမှာ။ အဲ့ပန်းတိုင်က သဲငယ်ပြောတဲ့ အချိန်တွေကို ကျော်လွှားကြည့်ခြင်လိုက်တာဆိုတဲ့ တောင်းဆုရဲ့ အဖြေ ပဲ။ သဲငယ်ရော ကိုကိုရောရဲ့ ပျော်ရွှင်ခြင်းအနာဂတ် ပေါ့ကွယ်။

လွမ်းတယ် ….. အရမ်း ။        ။



Happy One Year & Ten Months Anniversary’s Day

25.04.2024 ( Save Date )



Comments