Happy One Year and Eight Months Anniversary’s Day

 ကိုကိုချစ်ရပါသော သဲငယ်လေးရေ …

ဘာလိုလိုနဲ့ ကိုရီးယားကို ကိုကိုတကယ်ရောက်ခဲ့ပြီနော်။ ရည်မှန်းချက်တွေနဲ့ အိပ်မက်တွေနောက် တစိုက်မက်မက်လိုက်ရင်း LDRS Life ကို ကိုကိုတို့ ကြုံတွေ့ရပြီပဲ။ လွမ်းလိုက်တာကွယ် …။ ရာသီရဲ့ ချမ်းအေးမှုဒဏ်ကိုလည်း အံတုရင်း ကိုကို့ရဲ့ ကလေးလေးကိုလည်း လွမ်းရင်းပေါ့ကွယ်။ ဒီနေ့က တစ်နှစ်နဲ့ ရှစ်လပြည့်တဲ့ နေ့နော်။ ကိုကိုလည်း အလုပ်ပိတ်ရက် သဲငယ်လည်း အလုပ်ပိတ်ရက်ပဲ။ ကိုကိုသာ မြန်မာပြည်မှာဆိုရင် ဒီနေ့က အပြင်ထွက်လည်ကြမယ့်နေ့ပေါ့ကွယ်။ သဲငယ်မျက်နှာလေးကိုကြည့်ပြီး ကော်ဖီကို တစ်စက်မကျန်တဲ့အထိ တစိမ့်စိမ့်သောက်ကောင်းမယ့် နေ့ရက်ကလေးပဲပေါ့။ အခုများတော့ ကော်ဖီမွှေပေးမယ့် လက်ကလေးကို လွမ်းနေရတယ်ကွယ်။

-




ချစ်ရတဲ့ သဲငယ်ရေ …

သဲငယ်ဒီကိုရောက်လာရင် သိပ်ကောင်းမှာပဲကွယ်။ တစ်မြေတစ်ရေထဲဆိုတဲ့ ခံစားချက်ကလည်း လူကိုနွေးထွေးစေပြီး အားအင်ဖြစ်စေပါတယ်။ သဲငယ်လာနိုင်ဖို့ လိုအပ်တဲ့ သင်တန်းတွေ၊ လေ့လာအားထုတ်ရမှုလေးတွေနဲ့ နဲနဲလောက်ကြိုးစားအပင်ပန်းခံပေးပါအုံးနော်။ သဲငယ်မှာလည်း ကိုယ်ပိုင် စိတ်ကူးအိပ်မက်ကလေးတွေရှိတယ်မို့လား။ ဖြစ်မြောက်အောင်မြင်အောင် ကြိုးစားနော်။ ကိုကို Supporter လေးလုပ်ရင်း အဝေးကနေလွမ်းရင်း ရှိနေမယ်နော်။ ဖိုက်တင်း …

-





သိပ်သိပ်ချစ်ရတဲ့ သဲငယ်ရေ …

ခဏလောက်ဖြစ်ဖြစ် ထွေးပွေ့ထားချင်လိုက်တာကွယ်။

….



ဒါပါပဲ ။

ပွေ့ဖက်ထားရုံနဲ့ လုံလောက်ပါတယ်ကွယ်။

-

-/ ကိုကို /-

25/02/2024

One Year and Eight Months Anni Day

I miss you too much 

(37.0105259, 127.6395032)








Comments