Happy One Year and Six Months Anniversary

 သဲငယ်လေးရေ …

တစ်နှစ်ခွဲတဲ့နော်။ အချိန်တွေ သိပ်မကြာလိုက်သလိုပါပဲ။ ကုန်လွန်ခဲ့တဲ့ တစ်နှစ်ခွဲကို ပြန်တွေးကြည့်လိုက်ရင် အဓိပ္ပါယ်ရှိစွာ ရှင်သန်ဖြတ်သန်းခဲ့ရတာရော၊ ပျော်ရွှင်ရတဲ့အချိန်တွေ များစွာ ပိုင်ဆိုင်ခဲ့ရတာတွေကြောင့် စိတ်ကျေနပ်ဖွယ် အတိနဲ့ အမှတ်တရတွေများစွာ ကျန်ခဲ့ရတဲ့ တစ်နှစ်နဲ့ခြောက်လပေါ့ကွယ်။


ကိုကိုတို့ Goals တွေကို မှတ်မိသေးလား သဲငယ်လေးရေ …

ဘာတွေကျန်သေးလဲ။ ကိုကိုမှတ်မိတာကတော့ ကိုကိုတို့ Photo Shot ဖို့ကျန်သေးတယ်နော်။ အဲ့တာလေးအတွက် နှစ်ဦးသားအသေးစိတ်တိုင်ပင်ပြီး အကောင်အထည်အမြန်ဆုံးဖော်တော့မယ် သဲငယ်ရေ။ ကိုကို ခရီးမသွားရခင် အကောင်အထည်ဖော်ချင်တယ်။ လိုချင်တဲ့ Theme | Style | Outfit | Culture တွေ အားလုံး သေချာလေးသာ စဉ်းစား တွေးနေတော့နော်။ သေချာပေါက် အမြန်ဆုံး ကိုကို အကောင်အထည်ဖော်မှာမို့ပါ။


ချစ်မဝ သဲငယ်လေးရေ …

တစ်ခုခုကို လိုချင်ဖြစ်ချင်တဲ့အခါ အရင်ဆုံး လိုအပ်တဲ့အရာက Passion ပေါ့ကွယ်။ ခိုင်မာအားကောင်းရမယ်။ ပြီးရင် မဆုတ်မနစ်တဲ့ ဇွဲ ပေါ့။ ကိုယ်တကယ် ရအောင်လုပ်မယ်၊ လဲကျလား ပြန်ထမယ်၊ ဖြစ်ကို ဖြစ်ရမယ်။ ဒီစိတ်ပေါ့။ အောင်မြင်မှုကို သွားရာလမ်းပါပဲ။ သဲငယ် ဖြစ်ချင်တာအတွက် ဘယ်တော့မှ ဇွဲမလျော့နဲ့။ နောက်ပြီး စိတ်ရှည်ပါ။ ဒီစကားက ကိုကို ခဏခဏ သွန်သင်ရတဲ့ စကားပါ။ စိတ်ရှည်မှုကို သဲငယ်က သင်ယူဖို့တောင် လိုတဲ့ စိတ်တိုလွယ် ကလေးမလေးပေါ့ကွယ်။ လိုချင်တဲ့ ဖြစ်ချင်တဲ့အရာကို ရအောင် ယူနိုင်ဖို့အတွက် ကိုယ်တိုင်က မာကျောကြံ့ခိုင်ရမယ်နော်။ နောက်ပြီး …. သဲငယ် တစ်ယောက်တည်း မဟုတ်ဘူး။ နှစ်ယောက်အတူဆိုတဲ့ စိတ်ပဲ ထားနော်။


ချစ်တယ် … အရမ်း ။

-

- မာမားရဲ့ ပါပါး -

- 1 Year and 6 Months Anni -

- Save Date -

- 25/12/2023 -

- Year End -

Comments