Happy One Year & Five Months Anniversary Day

 သဲငယ်ရေ …

ရွှင်လန်းချမ်းမြေ့ပါစေကွယ်။

-

ကိုကို့အချစ်တွေနဲ့ မြတ်နိုးစွာအချစ်ခံနေရခြင်းမှာ ဘဝကို ပျော်ရွှင်ချမ်းမြေ့စွာ ရှင်သန်နေပါကွယ်။ ဘဝရဲ့ နိမ့်၊ မြင့်၊ တက်၊ ကျ တွေတိုင်းမှာ ကိုကိုဟာ သဲငယ်နဲ့အတူ အရာအားလုံးကို မျှဝေခံစားသူပါ။ အတူတူ ဆိုတဲ့ စိတ်ခံစားချက်ဟာ ဘယ်နေရာ ဘယ်အရပ်ရောက်ရောက် နွေးထွေးပြီး စိတ်ကို ကြံခိုင်သန်မာ အားကောင်းစေပါတယ်။

ဘယ်တော့ ဖြစ်ဲဖြစ် …

ဘယ်တော့ပဲ ဖြစ်ဖြစ်ပေါ့ …

သဲငယ် ဟာ တစ်ယောက်တည်း လုံးဝ မဟုတ်ဘူးနော်။

ကိုကို ရှိတယ် ….




ချစ်တဲ့ သဲငယ်ရေ …

ကိုကို့မှာလည်း သဲငယ်ရှိနေတော့ နေ့ရက်တိုင်းဟာ အဓိပ္ပါယ်ရှိနေတယ်။ ကိုကိုတို့ အခြေအနေ အကြောင်းကြောင်းတွေကြောင့် ဆုံရသည်ဖြစ်စေ မဆုံရသည်ဖြစ်စေ ညနေတိုင်း မနက်ခင်းတိုင်း နေ့တိုင်း ညတိုင်းဟာ အထီးကျန်မှုဆိုတာ မရှိတတ်တဲ့ စကားလုံးပဲ။ အသံလေး တစ်စွန်းတစ်စ ကြားရုံနဲ့တောင် နွေးထွေးပြီး ရှင်သန်မှုအတွက် အဓိပ္ပါယ် ပြည့်ဝစေပါတယ်။


ချစ်တဲ့ မာမားရေ …

ပါပါးအချစ်တွေနဲ့ ရှင်သန်ပါ၊ ပျော်ရွှင်ပါ၊ နွေးထွေးပါ၊ အားအင်ဖြစ်ပါ၊ သန်မာပါ၊ ခိုင်မြဲကြံခိုင်ပါကွယ်။ ပါပါးဒီလိုပဲ မျှော်လင့်ပါတယ်။ ပျော်ရွှင်နေတဲ့ မာမားမျက်နှာ၊ ရယ်ပြုံး နေတဲ့ မျက်နှာဟာ ဒီကမ္ဘာမှာ အလှပဆုံးသော ပါပါးအလိုချင်ဆုံး ပန်းတစ်ပွင့်ပါပဲ။ ဒီပန်းလေး ထာဝရ ရွှင်လန်းနေအောင်လို့ ဒီက ပါပါးက အမြတ်တနိုး ဂရုစိုက်ပြုစုယုယပါ့မယ်ကွယ်။

ချစ်တဲ့ ….

ပါပါး …

25/11/2023

Happy One Year & Five Months Anniversary Day

#SaveDate

Comments