Happy One Year and Four Months Anniversary’s Day

 ချစ်ရပါသော သဲငယ်ရေ …

၁၆ လပြည့်တဲ့ ချစ်သက်တမ်းနှစ်ပတ်လည်နေ့လေးကနေ ကြိုဆို လိုက်ပါတယ်နော်။ ဦးစွာ ပထမ ကိုကို့ရဲ့ ဘေဘီပူတူးမွချိလေး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်းဆုတောင်းပါတယ်ကွယ်။ ကျန်းမာပျော်ရွှင်ပြီး ကိုကို့ကိုလည်း အများကြီးရစ်နိုင်ပါစေနော်။ မုန့်တွေလည်း အများကြီးစားရင်းပေါ့ …

-



ကိုကို အရမ်းချစ်ရတဲ့ ကိုကို့ကလေးလေးရေ …
အရင်က ကိုကိုနဲ့ အခု ကိုကိုလည်း အတူတူပါပဲကွယ်။ မပြောင်းမလဲ တသမတ်တည်း ချစ်မြဲချစ်ဆဲ၊ ဂရုစိုက်ဆဲ၊ မြတ်နိုးဆဲပါ။ ဘယ်အရာကမှ ကိုကို့ကို မယိမ်းယိုင်မပြောင်းလဲစေပါဘူးနော်။ တစ်ခုတော့ ကိုကို ဝန်ခံတောင်းပန်ထားပါရစေ။ အရင်ကလို အလုပ်မရှိတဲ့အချိန်တွေတုန်းကတော့ တနေ့ကုန်တဲ့အထိ Messenger မှာ စကားတွေပြော၊ တနေကုန် သတိရ၊ ညမိုးချုပ်တဲ့အထိ သဲငယ်အကြောင်းတွေး၊ အနာဂတ်ကို ပုံဖေါ်စိတ်ကူးယဉ်ရင်း တနေ့တာလုံးကို ကုန်ဆုံးခဲ့တာပေါ့။ အခုကတော့ ရှုပ်ထွေးလေးလံတဲ့ လုပ်ငန်းသဘောသဘာဝကြောင့် လူကလည်း အလုပ်ထဲမှာ ဖိဖိစီးစီး စိတ်နှစ်ရတော့ တခါတရံမှာ သဲငယ်ကို ဂရုမစိုက်မိသလို (အရင်နဲ့ကွာခြားသွားတယ်ဆိုတဲ့ ခံစားချက်မျိုး) မရည်ရွယ်ပဲ ဖြစ်စေခဲ့မိရင် ကိုကိုတောင်းပန်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလို လုပ်နေရတော့ ကိုယ်ပိုင်အချိန်တွေမှာပါ အလုပ်အကြောင်း တွေးရ ကြံဆ ရတာမို့ အရင်လိုအချိန်တွေကိုလည်း ပြန်တမ်းတ လွမ်းဆွတ်မိပါရဲ့ကွယ်။
-


ကိုကို့ချစ်သဲငယ်လေးရေ …
အရာရာကို ကိုကို့အနေနဲ့ ကိုယ်စွမ်းနိုင်သမျှ အကောင်းဆုံး ကြိုးစားတယ်ဆိုတာ ယုံကြည်ပါကွယ်။ ကိုကိုလှမ်းမျှော်ဖန်တီးကြိုးစားနေတဲ့ အနာဂတ်မှာလည်း သဲငယ်က မရှိမဖြစ် ကိုကို့ရဲ့နတ်ဘုရားမလေးပါ။ ဒီကောင်မလေးရဲ့ အပြုံး၊ အရယ်၊ အကြည့် တွေနဲ့ အသက်တွေကြီးပြီး အဖိုးကြီးဖြစ်သွားတဲ့အထိ ဘဝင်ကျချင်တဲ့ကိုကိုပါကွယ်။ ချစ်ခြင်းမေတ္တာရဲ့ နွေးထွေးမှုနဲ့ ပျော်ရွှင်ခြင်းတွေစီးဝင်နေတဲ့ ကိုကို့ရင်ခွင်နဲ့ သဲငယ်ကို ထာဝရ ပိုက်ထွေးထားပါ့မယ်။
အရမ်းချစ်တယ် ကောက်တေးလေးရေ …
သတိရတိုင်း အာဘွား ပေးနော် …
-

25/10/2023 (Save Date)

16th Months Anniversary’s Day

Happy Anniversary Day














Comments