Happy One Year and Three Monts Anniversary’s Day

 ကောင်မလေးရေ …

ကောင်မလေး အမြဲပျော်ရွှင်ရယ်မောနေတာကိုပဲ မြင်ချင်တဲ့ ကိုကိုပါ။ ကောင်မလေးပျော်ရင် ကြည်နူးချမ်းမြေ့ရပြီး ကောင်မလေး မပျော်ရင် ကိုကိုလည်း ညိုးငယ်ရပါတယ်။ တခါတရံ ကောင်မလေး မပြိုလဲအောင် ခိုင်မာအောင် စကားတွေ ပြောနေရပေမယ့် တချို့အချိန်တွေမှာ ကိုယ်ကိုတိုင်ကောင်မလေးရင်ခွင်ထဲခေါင်းတိုးဝင်ပြီး လောကကြီးမှာ ကိုယ်ဟာ သေးသေးလေးဖြစ်တဲ့အထိ အားလျော့ သိမ်ငယ် ဝမ်းနည်းပစ်လိုက်ချင်တာပါ။ 





-

ချစ်ရတဲ့ ကိုကို့ကလေးလေးရေ …

ဘဝဆိုတာ လိုအင်တွေနဲ့ ရှင်သန်နေကြရတာမို့လား။ လိုအင်တိုင်းဟာ ရှင်သန်နေရခြင်းရဲ့ အမြဲတိုးပွါးနေတဲ့ အကြောင်းတရားတွေပေါ့။ လိုအင်တွေကတော့ သေတပန် သက်တဆုံးရှိနေမှာပါပဲ။ ကိုယ့်စိတ်ကိုယ် ပြန်ဖိစီးမှု မဖြစ်ရအောင် သုံးသပ်ဆင်ခြင်ကြရမှာပဲလေ။ လိုအင််မရှိပဲ ရှင်သန်ခြင်း လုပ်ဖို့မှ မလွယ်တာပဲကွယ်။ လိုအင်တွေဖြစ်လိုက် လိုအပ်မှုတွေ ဖြစ်လိုက်နဲ့ နေ့ရက်တိုင်း တစ်ရက်ပြီးတစ်ရက် အလိုက်သင့်လေး ဖြစ်သန်းသွားကြရုံပေါ့လေ။ ရှင်သန်နေရခြင်းဟာလည်း သူ့ကြောင့်ပဲ မဟုတ်ပေလား ..။

-

မာမားရေ…

အကြပ်အတည်း အခက်အခဲတွေဆိုတာ ရှိနေမှာပါပဲ။ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်မှ လူတော်လို့ခေါ်ကြသတဲ့။ မာမား ဘဝမှာလည်း အခက်အခဲအကြပ်အတည်းပေါင်းများစွာ ကျော်လွှားဖြတ်သန်းခဲ့ပြီးပြီပဲ။ လူတော်တစ်ယောက်ဆိုတာ သိပ်သေချာတဲ့ ပြယုဂ်ပါ။ ဒီအရာတွေဟာလည်း တစ်ခါတည်း တစ်ကြိမ်တည်းလာပြီး ပျောက်သွားမယ့် အရာတွေမှ မဟုတ်ပဲလေ။ အခုရော နောင်ရော ရှိနေမှာပါပဲ။ ကိုယ်တစ်ထစ်ချင်း နင်းဖြတ်ကျော်လွှားသွားနေတဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုအတွက် အဖြည့်ခံ အကြောင်းတရားတွေလို့ မှတ်ယူပါကွယ်။ ကိုယ့်အကြောင်းပဲကိုယ်တွေးပြီး ကိုယ်သွားမယ့်လမ်း ရောက်ရမယ့် ပန်းတိုင်ကိုပဲ ယုံကြည်ရှေ့ရှုပါကွယ်။ မာမား တကယ်သွားရင် လိုရာကို တကယ်ရောက်ပါတယ်။ ဘယ်တော့မှာ အားမလျော့ပါနဲ့။

ကျန်းမာအောင်နေပါ…

ပျော်ရွှင်စရာပဲ များများတွေးပါ…

စာများများဖတ်ပါ…

~~~ ချစ်တဲ့ ~~~

ကိုကို

—————————

25/09/2023 (Save Date)

15th Months Anniversary’s Day

Happy Anni

Comments