Happy One Year and One Month Anniversaries Day

ချစ်ရတဲ့သဲငယ်ရေ ရွှင်လန်းချမ်းမြေ့ပါစေကွယ်….

ကိုကိုတို့ချစ်သက်တမ်းတောင် တစ်နှစ်နဲ့ တစ်လကို ရှိခဲ့ပြီနော်။ ဒီကာလအပိုင်းအခြားတွေအတွင်း သဲငယ်နဲ့ ကိုကိုအပြင် သဲငယ်မိသားစုနဲ့ ကိုကိုတို့ ရင်းရင်းနှီနှီးလက်ပွန်းတတီးရှိခဲ့နိုင်ကြတယ်နော်။ ကိုကိုကတော့ တကကယ်ပျော်တယ်။ ဒါကိုကိုမျှော်လင့်တဲ့ အနာဂတ်အတွက် သွားရာလမ်းပဲ။ သဲငယ်မိသားစုနဲ့ ကိုကို ချစ်ကြည်ရင်းနှီးမှုရခြင်းဟာလည်း ကိုကိုတို့အနာဂတ်အတွက် ၅၀ ရာခိုင်နှုန်းသော ပျော်ရွှင်မှုနဲ့ခိုင်မာမှုကို ပေးစွမ်းနေတာပဲလေ။



ကိုကို့ရဲ့ ချစ်သဲငယ်လေးရေ …

ကိုကိုတို့အနာဂတ်ပန်းတိုင်အတွက် ကိုကိုလျှောက်နေတဲ့လမ်းက တစ်ဖြည်းဖြည်းနဲ့ အကောင်အထည်ပေါ် ရုပ်လုံး ကြွသထက် ကြွလာပြီနော်။ အခုဆို ကိုကိုတို့အနာဂတ်အတွက် ကိုကိုရွေးချယ်လျှောက်လှမ်းခဲ့တဲ့ ကိုရီးယားကိစ္စက  Calling စောင့်ရတဲ့အနေအထားထိ ဖြစ်လာပြီလေ။ ဒါဟာ ၄၀ ရာခိုင်နှုန်းသော အောင်မြင်မှုဆုံမှတ်ဖြစ်နေပြီ။ ဒီ့ထက် ဒီ့ထက် ပိုပြီးသာ မျှော်လင့်ထားသလို အမြန်ဆုံးထွက်နိုင်ရင်တော့ ကိုကိုတို့အိပ်မက်ပန်းခင်းလေးဟာ အမြန်ုဆုံးပွင့်လန်းမွှေးပျံ့လာတော့မှာပေါ့ကွယ်။

 

သိပ်ချစ်ရတဲ့ ပါပါးရဲ့ မာမားရေ ….

နေကောင်းကျန်းမာမှ စားချင်တာစား၊ သွားချင်ရာကို လွတ်လပ်ပျော်ရွှင်စွာ သွားနိုင်မယ်မဟုတ်လား။ ကျန်းမာရေးကောင်းအောင် ဂရုစိုက်နေပါနော်။ ကိုကို ကိုရီးယားရောက်ပြီးနောက်ပိုင်းလည်း ဒီစကားကိုပဲ မှာရမယ်ထင်တယ်။ ကိုကို့သဲငယ်လေး ကျန်းမာပျော်ရွှင်နေမှ ကိုကိုလည်း အလုပ်ကို အဆင်ပြေပြေ သက်တောင့်သက်သာ လုပ်နိုင်မှာပါနော်။ အဝေးကနေ စိုးထိတ်နေရမယ့် ခံစားချက်မျိုးကြီး မခံစားနိုင်ပါဘူးကွယ်။ သဲငယ်ပျော်ရွှင်ဖို့ဆို ကိုကိုတတ်စွမ်းသမျှကြိုးစားနေမှာပါ။ စားချင်ရာစား၊ သွားချင်ရာသွား၊ လိုချင်တာ ရ၊ လှူချင်ရာကို နောက်ဆံမတင်းပဲ စိတ်ရှိတိုင်း လှူနိုင်ဖို့ ပါရမီဖြည့်ဘက် အဖြစ် တည်ရှိနေမယ့် ကိုကိုပါ။

သိပ်ချစ်တယ် သဲငယ် …

ကိုကို(ပါပါး)

-

- Happy One Year and One Month Anniversaries Day

- 25/07/2023

Comments