You're My Only One Special ( One Year Anniversary )

Happy One Year Anniversary ပါသဲငယ်ရေ .....

တစ်နှစ်တောင်ပြည့်ခဲ့ပြီနော် .....။ သိပ်မကြာခဲ့သလိုပါပဲ။ ကုန်လွန်ခဲ့တဲ့ ၃၆၅ ရက်ကို ပြန်တွေးလိုက်ရင် ပီတိဖြစ်စရာအပျော်တွေချည်းပဲ ပြည့်နှက်နေခဲ့တာပေါ့။

ကုန်လွန်ခဲ့တဲ့ တစ်နှစ်တာအတွင်း ကိုကိုတို့ရဲ့ အနာဂတ်ပန်းတိုင်ကို ခိုင်ခိုင်မာမာ ချမှတ်နိုင်ခဲ့တယ်။ ပန်းတိုင်ကို သွားရာလမ်းကလည်း ပီပီပြင်ပြင်နဲ့ဖြစ်တည်လာပြီး အောင်မြင်မှုနဲ့ အနာဂတ်ရည်မှန်းချက်တွေ အတွက် လက်တကမ်းအလိုဆီ ရောက်ရှိလာခဲ့ပြီပေါ့ကွယ်။ ဒီတစ်နှစ်တာအတွင်း ကိုကိုတို့ရဲ့ တစ်ဦးပေါ်တစ်ဦး နားလည်သိတတ်မှုတွေနဲ့ ခိုင်မာတဲ့သံယောဇဉ်တွေဟာ ကြီးမားတဲ့ထုထည်နဲ့အတူ အားကောင်းစွာ မြဲမြံလာခဲ့ပြီးတော့ ကိုယ်စီကိုယ်ငှအနေနဲ့ ဘဝရဲ့ နေထိုင်မှုမှာ ပိုပြီးပျော်ရွှင်လာရတယ်၊ နေ့ရက်တိုင်းရဲ့ ရှင်သန်ရမှုမှာ ပိုပြီး Relative ဖြစ်စွာ ဖြတ်သန်းနိုင်ခဲ့တယ်ပေါ့ကွယ်။



-

ချစ်တဲ့ သဲငယ်ရေ ....

ကိုကိုဟာ သဲငယ်အပြုံး၊ အရွှင်၊ အပျော်တွေနဲ့ပဲ အသားကျနေသူပါ။ တစ်နည်းပြောရရင် သဲငယ်ကို အမြဲပြုံးရွှင်နေရအောင်ပဲ ထားချင်သူပါ။ သဲငယ်မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေရရင်ကိုက ကိုကို့အတွက် ဘဝရဲ့နိဗ္ဗာန်ပါပဲ။ ဘဝမှာ (သို့မဟုတ်) တချို့သော နေ့ရက်တွေမှာ စိတ်ညစ်စရာ၊ ဝမ်းနည်းအားငယ်စရာ တွေကတော့ မကြာမကြာ လာလည်တတ်ပါရဲ့ကွယ်။ ဒါပေမယ့်လည်း ကိုကိုတို့က တစ်ယောက်တည်းမဟုတ်ပဲလေ။ နော့ ....။ သဲငယ်ဘေးမှာ ကိုကိုရှိတယ်။ ကိုကို့အနားမှာ သဲငယ်ရှိတယ်။ ကိုကိုတို့ အတူဆိုရင် လာချင်ရာလာပါစေ။ အရာအားလုံးဟာ အသေးအဖွဲပါ။ ကိုကိုတို့ မယိုင်မလဲရင် ဘယ်အရာကမှ ကိုကိုတို့ကို တိုက်ဖျက်လို့မှ မရပဲလေ ....။

-

ကိုကို့ရဲ့ You're My Only One Special လေးရေ ....

ဒီစာရဲ့ ဒုတိယပိုဒ်ကိုဖတ်ပြီး ငါ့ကိုကို တရားဟောပြန်ပြီလို့ တွေးနေပြီလား။ ဟုတ်ပါရဲ့ ....။ ကိုကိုကလည်း စာရေးလိုက်ရင် တရားသံပေါက်ပေါက်သွားတာက ဘယ်လို အထုံပါရမီလဲမသိဘူး။ လောကုတ္တရာရဲ့ အတော်နီးစပ်တယ်ထင်တယ်နော်။ ဒါပေမယ့် ကိုကိုကတော့ မိန်းမယူမှာ။ မိန်းမတောင် ဒီစာကို အခုဖတ်နေတဲ့ ကိုကို့ရဲ့ တစ်ဦးတည်းသော ဘေဘီပူတူးမွချိအသဲ လို့ ခေါ်တဲ့ နောင်တစ်ချိန် ကိုကို့ရဲ့မိန်းမဖြစ်မယ့် သဲငယ်ပေါ့ကွယ်။ နံမည်ပြောင်ကတော့ " မဟာစကြဝဠာအတုမရှိစိုးမိုး " တဲ့လေ။ မလှဘူးလား။ ဟီးဟီး ....။

ချစ်တယ် ကိုကို့သဲငယ်လေးရေ ...။

အရမ်းချစ်တယ် ....။

" တစ်နှစ်ပြည့် နှစ်ပတ်လည် နေ့ထူးလေးမှာ ပျော်ရွှင်ပါစေကွယ် " ...

- သဲငယ်ရဲ့ ကိုကို - 

25/06/2023

(Happy One Year Anniversary Day)

#SaveDate

Comments