Happy 11th Monthiversary Day

 သဲငယ်ရေ ...

ကိုကိုတို့ချစ်သက်တမ်းလေးတောင် ၁၁ လပြည့်ခဲ့ပြီနော်။

အချိန်တွေက သိပ်တောင်မကြာလိုက်သလိုပါပဲ။ တစ်ယောက်အနားတစ်ယောက်ရှိရင်း ပျော်စရာတွေသာ တတ်နိုင်သမျှဆောင်ကြဉ်းပေးကြရင်းနဲ့ ကုန်လွန်ခဲ့ကြတဲ့ ရက်ပေါင်း ၃၃၅ ရက်ပေါ့ကွယ်။ ကိုကို့မှာ သဲငယ်မျက်နှာလေးကို အရိပ်တကြည့်ကြည့်နေရင်း ပီတိနဲ့သာ ကုန်လွန်ခဲ့ရတဲ့ ရက်များစွာပေါ့။ နောက်ပိုင်းမှာ (ကိုရီးယားသွားတဲ့အခါ) ဒီမျက်နှာလေးကို တစိမ့်စိမ့်အနားမှာ မကြည့်နိုင်မှာကိုတောင် တွေးတွေးမိပြီး စိတ်မကောင်း ဝမ်းနည်းရပါသေးတယ်ကွယ်။ 



-

ချစ်သော သဲငယ်ရေ ...

ကိုကိုသာ အလုပ်ဖောင်တင်ကိစ္စတွေ၊ ကောလင်းတွေ အဆင်ပြေမြန်ဆန်ပြီး ရပ်ဝေးမြေခြားသွားရတော့မယ်ဆိုရင် စောတဲ့အခါ ဒီနှစ်ထဲ ထွက်ဖြစ်သွားမှာနော်။ စိတ်က နှစ်ခွ အနေနဲ့ ခံစားချက်ဝင်တယ်။ အနာဂတ်ပန်းတိုင်အတွက် အရမ်းအရေးကြီးလို့ ဒီကိစ္စကိုလည်း အမြန်ဆုံးဖြစ်စေချင်တယ်၊ အမြန်ဆုံးဖြစ်လို့ အမြန်ဆုံးသွားရတဲ့အခါ သဲငယ်နဲ့ မြန်မြန်ကြီး ခွဲနေရမှာ။ ဒီနှစ်ထဲဆိုတဲ့ စိတ်က တစ်ရက်ထက် တစ်ရက် ကိုကို့ကို ဖော်ပြရခက်တဲ့ ခံစားချက်ကိုဖြစ်စေတာပါကွယ်။ ကိုကိုမခွဲချင်ဘူး၊ အနားမှာ အမြဲရှိချင်တယ်။ တဖက်မှာကျတော့လည်း နောင်အနာဂတ်အတွက် အခိုင်မာဆုံး အုတ်မြစ်တစ်ခုကို အထိုင်ချပြီး တစ်ထစ်ခြင်း၊ တစ်ရစ်ခြင်း တည်ဆောက်သွားရမယ့် အလှပဆုံးအနာဂတ်လေး။ ဟူး ..... အခုတောင် နှစ်ဝက်ကျိုးလာပြီ။ နောက် ၆ လအတွင်းမှာ ခွဲရတော့မှာဆိုတဲ့ အသိ ...။ ဒီအသိက .... ရင်ကို လှိုက်ဖိုမောစေတယ်ကွယ်။




-

သိပ်ချစ်ရပါတဲ့ သဲငယ်ရေ ...

ချစ်သက်တမ်း ၁၁ လပြည့်တဲ့ ဒီရက်လေးမှာ ကိုကို့ သဲငယ်လေး ပျော်ရွင်ပါစေလို့ ဆုတောင်းပါတယ်။ နေ့ရက်တိုင်းပျော်ရွှင်အောင်လို့ ထားနေမှာက ကိုကို့တာဝန်ပါ။ သဲငယ်ပျော်နေရင်ကို ကိုကို့ကမ္ဘာကြီးက ပျော်နေတာမို့ သဲငယ်ပျော်ရွှင်ခြင်းက ကိုကို့ပျော်ရွှင်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ် သဲငယ်ရေ။ 

" ကိုကိုနဲ့အတူတူ ရှင်သန်ပါ။ "

" ပျော်ရွှင်ခြင်းကိုစားသုံးပါ။ "

" ချစ်ခြင်းမေတ္တာတွေကို ခံစားသက်ဝင်ပါ။ "

နောင်နှစ်ပေါင်းများစွာတိုင်အောင်ကိုကိုအနားမှာ ကိုကို့ရဲ့ကံကောင်းခြင်းလေးအဖြစ် အမြဲရှိနေပေးပါ Lucky Angel လေးရေ။


သိပ်ချစ်ရတဲ့ ... 

မားမားရဲ့ပါပါး ...






11th Monthiversary Day

Save Date

25/05/2023


Comments