Happy 10th Months Anniversary Day

 သဲငယ်ရေ …

ကိုကိုတို့ ချစ်သက်တမ်း ၁၀ လတင်းတင်းပြည့်တဲ့ နေ့ထူးလေးပေါ့ကွယ်။ ဒီလအတွင်းမှာ ပျော်ရွှင်စရာတွေရော ဝမ်းနည်းစရာတွေရော စိတ်ကျအားငယ်စရာတွေရော ခံစားချက်တွေရောပြွမ်းပြီး သဲငယ်ကို နေရခက်စေတဲ့ လတစ်လ ဖြစ်ခဲ့တာပါ။ ဘဝရဲ့ တစ်ဆစ်ချိုး ဖြစ်စေမယ့် ဖြစ်ရပ်တွေလည်း မလိုချင်ပါလျက် ဖြစ်ခဲ့ရတာပေါ့။ ဘဝ ဆိုတာ ဒီလိုပါပဲ။ နိမ့်မြင့်တက်ကျ ရှိမယ်၊ လောကဓံရှိမယ်။ ဒါတွေက ပုံမှန်ပြကွက်တွေပါလို့ နှလုံးသွင်းနိုင်ဖို့ပါပဲ။

-



ချစ်ရပါသော သဲငယ်ရေ …

ကိုကို့အတွက် သဲငယ်အနားရှိချိန်တိုင်းဟာ ဘဝရဲ့နိဗ္ဗာန်ပါ။ 

သဲငယ် မျက်နှာလေး ပြုံးနေမယ်၊ ရယ်နေမယ်၊ ပျော်ရွှင်နေမယ်ဆိုရင် နိဗ္ဗာန်မှာတောင် မိုးမမြငိလေမမြင်တဲ့ မြောက်ကြွကြွနိဗ္ဗာန်၊ ဘဝင်လေဟပ်ရတဲ့ နိဗ္ဗာန်ပါ။ သဲငယ် မကြည်မရွှင်ဖြစ်မယ်၊ မပျော်ဘူး၊ စိတ်ညစ်နေမယ်ဆိုရင်တော့ ခြောက်ကပ်ကပ်နိဗ္ဗာန်၊ အုံ့ဆိုင်းမှိုင်းညို့နေတဲ့ နိဗ္ဗာန်ပဲ ဖြစ်မှာပါ။ သဲငယ် မျက်နှာလေးကို အမြဲပဲကြည့်ပြီး နေချင်တယ်။ မနက်ခင်းတွေ နိုးထ ဒီမျက်နှာလေးနဲ့မှ၊ မျက်လုံးအစုံမှိတ်လို့ အိပ်ပျော်သွားလည်း ညအိပ်မက်တွေထဲအထိ မြင်ချင်တောင့်တနေမိတာပေါ့။ တနေ့တာလုံးမှာ သဲငယ်အနားရှိချင်တယ်။ ဒါကြောင့်မို့ ကိုကို အမြန်ဆုံးလက်ထပ်ပြီး တူတူနေချင်နေပြီကွယ်။

-



သိပ်ချစ်ရတဲ့ ကိုကို့စွဲလမ်းမှုလေးရေ …

ကိုကိုတို့ အနာဂတ်ဟာ တစ်ရက်ပြီးတရက် ပိုပြီပြင်လာနေတာပါ။ သိပ်မဝေးတဲ့အချိန်ကာလအတွင်း ကိုကိုတို့ရဲ့ ရည်ရွယ်ရာပန်းတိုင်လေးက ဖြစ်တည်လာတော့မှာပါ။ 

စိတ်အားငယ်စရာတွေ ဝင်ဝင်လာတတ်လည်း အားမငယ်ပါနဲ့နော်။ ကိုကိုရှိတယ်။ ကိုကိုတို့ဟာ တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန် Support ပေးရင်း အနာဂတ်ကိုတည်ဆောက်နေကြရမှာပါ။ ယိုင်လဲရင် ဖေးမမယ်၊ တစ်ယောက်အားနဲ့မနိုင်ရင် နှစ်ယောက်အားနဲ့ရွေ့စေမယ်။ အိမ်မက်တွေ တကယ်ဖြစ်ရမယ်။ ဒီလို ခံယူချက်နဲ့ ပန်းတိုင်သို့သွားရာလမ်းကို အတူတူလျောက်နေကြမယ်လေ။

ယုံကြည်ထားနာ် …

အတူတူဆို အိပ်မက်တွေ တကယ်ဖြစ်လာလိမ့်မယ် …။



( Phone နဲ့ ရေးရတာမို့ စာတိုရင် ခွင့်လွှတ်ပေးအုံးနော်

-

-

-

“ ထာဝရ သဲငယ်အနားက ကိုကို ”…

2023| April | 25

(Happy 10th Months Anniversary Day)





Comments