The First Trip Together & Happy 9th Month Anniversary Day

 သဲငယ်ရေ ...

နောက်ကျမှ ရေးတယ်ဆိုပြီး စိတ်ဆိုးချင်တယ်မို့လား ..

ကိုကို တမင်မပြောခဲ့တာပါကွယ်။ ဒီစာက တကယ့်ကို တမင်နောက်ကျခံပြီးရေးချင်လို့ပါ။

အမှတ်တရရက်မှာ မဖတ်ရပေမယ့် အမှတ်တရနေ့အတွက် ရေးတဲ့အမှတ်တရစာပါပဲ။ ထူးခြားမှုလေးတွေနဲ့မို့ ပိုပြီးဖတ်လို့ကောင်းမှာပါ။

ကိုကိုတို့ရဲ့ ချစ်သက်တမ်း ၉ လပြည့်တဲ့နေ့လေးမှာပဲ ကိုကိုတို့ရည်စူးထားတဲ့ Goal လေးတစ်ခုဖြစ်တဲ့ ခရီးစဉ်လေးကို သွားဖြစ်ခဲ့တယ်နော်။ ကိုကိုလေ ပျော်လိုက်တာ။

ဒီခရီးစဉ်လေးကို အထမြောက်စေချင်လွန်းလို့ ကိုကို့မှာ စီစဉ်ချိန်နည်းတဲ့ကြားကနေ မရရအောင် ကြိုးစားဖန်တီးခဲ့ရတာပေါ့။ ကိုကိုပင်ပန်းရကြိုး ဖန်တီးရကြိုးနပ်ပါတယ်။ ကိုကိုမျှော်လင့်သလိုလည်း အရာအားလုံးပြည့်ပြည့်ဝဝနဲ့ ခံစားပျော်ရွှင်ခဲ့ရတာ တကယ့်ကို ကောင်းမွန်တဲ့ ချစ်သက်တမ်း ၉ လပြည့် အပန်းဖြေခရီးစဉ်လေးတစ်ခု ဖြစ်ခဲ့တာပါကွယ်။



-

ပျော်ရွှင်နေတဲ့သဲငယ် မျက်နှာလေးကို မြင်နေရတာ ကိုကို့မှာ သိပ်ကြည်နူးပြီးပျော်ရွှင်အေးချမ်းရတယ်။ ကိုကို့ကို ဒီခရီးစဉ်မစခင်ကတည်းကအမြင်မကြည်ပဲ တတွတ်တွတ်နဲ့ မသောက်ဖို့ပြောနေတာလေးကလည်း အသည်းယားဖို့ကောင်းတယ်။ ကိုကိုပဲကွယ်။ ကိုကိုဟာ ဒီခရီးစဉ်မှာ အကြီးဆုံးနဲ့ဦးဆောင်သူပါ။ ရုပ်ပျက်ဆင်းပျက် သရုပ်မဲ့နေလို့မှ မရပဲ။ သဲငယ်ကတော့ ကိုကိုပြောပြလည်း သိပ်ကိုမတွေးတာနော်။ ထင်တာပြောနေတုန်း ..။ ခရီးအစကားပေါ်မှာကတည်းက ကိုကို့လက်မောင်းကို ပိုက်ပြီး အိပ်လာတဲ့ကလေးလေးကို ကိုကိုလေချစ်လိုက်တာ။ ဒီလိုခရီးစဉ်လေးတွေ ခဏခဏ ထွက်နိုင်ဖို့ကြိုးစားမယ်ဆိုတဲ့ ဆန္ဒတွေလည်း ပိုပိုသိပ်သည်းလာတယ်။ ကမ်းခြေမှာ ကိုကိုတို့ထူးခြားခဲ့တယ်နော်။ ကိုကို သဲငယ်ကို Propose လုပ်နိုင်ခဲ့တယ်။ Propose နဲ့ပက်သက်ပြီးကိုကိုလုပ်ချင်တဲ့ တချို့ Idea လေးတွေရှိတယ်။ ဒါပေမယ့် မလုပ်ရဲဘူး။ တော်ရုံ Surprise မဖြစ်တတ်တဲ့ သဲငယ်အတွက် ကိုကို့ခြေလှမ်းတွေကို ကြိုမြင်တတ်တော့ ကိုကို့ Idea တွေ ဂွမ်းမှာ ကြောက်တာပဲ။ အခုတော့ ငါ Propose ဘယ်လိုလုပ်ခဲ့တာလဲဆိုပြီး ပြန်တွေးလိုက်ရင် ပင်လယ်ကြီးပါတယ်၊ လှိုင်းတွေပါမယ်၊ မှိတ်တုတ်တုတ် ကြယ်လေးတွေပါမယ်၊ လေအေးအေးတွေပါမယ်၊ သီချင်းတစ်ပုဒ်ပါမယ်၊ လက်မောင်းကိုဖက်တွယ်ထားတဲ့ ကောင်မလေးကိုမြင်ယောင်မယ်။ ဘယ်လောက် ကောင်းလိုက်တဲ့အမှတ်တရလဲ။ သိပ်အံ့သြစရာကောင်းပြီး ကောင်းမွန်တဲ့ အမှတ်တရ Propose တစ်ခုပဲ။


-

ကိုကို့ဆန္ဒလိုအင်တွေကို မငြီးမငြူအကောင်းမွန်ဆုံး ဖြည့်ဆည်းပေးတဲ့ သဲငယ်ကိုလည်းပိုချစ်ပိုမြတ်နိုးရတယ်။ ကိုကိုတို့သာ ဇနီးမောင်နှံဆိုရင်သိပ်ကောင်းမှာပဲဆိုတဲ့အတွေးကလည်း ခဏခဏ တွေးမိ မျှော်လင့်မိနေတဲ့ လိုအင်ပေါ့။ ကိုကိုလည်း အားကျတာပေါ့။ သူများဇနီးမောင်နှံတွေကို။ တရားဝင်မဖြစ်သေးပေမယ့်  ခရီးစဉ်အတွင်းမှာတော့ ဇနီးမောင်နှံလို နေထိုင်သွားလာကြရတာ တကယ့်ကို ပီတိဖြစ်နေပြီး ဘဝင်လေဟပ်နေတဲ့ ကိုကိုပါ။  ဒီလိုပျော်ရွှင်ပြီး စိတ်ကြည်လင်လန်းဆန်းရတဲ့ ခရီးစဉ်လေးတွေကို မကြာမကြာထွက်နိုင်အောင် ကြိုးစားမယ်လို့ ကိုကိုတော့ သံဓိဋ္ဌာန် ချလိုက်ပြီ သဲငယ်ရေ။ သဲငယ်သာ အိမ်ပိုင်အောင်ကြိုးစားထားတော့။ 

ခရီးတွေထွက်မယ်၊ အဝတ်အစားလှလှလေးတွေဝတ်မယ်၊ ဓါတ်ပုံလှလှတွေရိုက်မယ်။  

သဲငယ်ပျော်ရွှင်နေတာကို မြင်နေရရင်ကို ကိုကိုက ပီတိတစ်သိန်းနဲ့အရည်ပျော်ကျနေတဲ့ ဘီးကြဲပေါ့ကွယ်။ 

ချစ်သက်တမ်း ၉ လပြည့်တဲ့နေ့မှာ မဖတ်ရလို့ဆိုပြီး ကောက်မနေနဲ့ ကိုကို့စွဲလမ်းမှုလေးရေ ...

တမင် နောက်ကျခံပြီး ရေးဖို့စဉ်းစားထားလို့ပါ။ အခုတော့ ကိုကိုမျှော်လင့်ထားတဲ့အတိုင်း စိတ်ကူးထဲကနဲ့ကွက်တိဖြစ်အောင်ပိုင်ဆိုင်ခဲ့ရတဲ့ ခရီးစဉ်လေးမို့ ကိုကို့မှာ ပိုပြီးဂုဏ်ယူ ကျေနပ်နေရတာပေါ့ကွယ်။

                               

ချစ်တယ် မဲတူးလေး ...

ကိုကို အရမ်းချစ်တယ် ...

အရမ်းချစ်တော့ .....?

-

-

-

အရစ်ချမ်းတာပေါ့ကွယ် ...။

အမြန်ပြောနော် ....။

အရမ်းချစ် ....???

-

-

-

ချစ်ဖို့အရမ်းကောင်းတဲ့ ကိုကိုကပ္ပလီ

[ Writing for 9th Months Anniversary ]
{ Sorry for Late }

Save Date & Awesome Memorable Trip ( March 25/26/27 2023 )


Comments