Happy 7th Monthiversary Day

 ကိုကိုရဲ့ ချစ်လို့မဝရတဲ့ ကလေးလေးရေ ....

ကိုကိုတို့ရဲ့ချစ်သက်တမ်းလေးက နှစ်ဝက်ကျော်ပြီး ၇ လပြည့်ခဲ့ပြီနော်..။

ဒီ ၇ လပြည့်ကာလအပိုင်းအခြားလေးအတွင်းမှာ ကိုကိုတို့အတွက် ထူးခြားတဲ့ အမှတ်ရစရာ အတွေ့အကြုံတွေ ရှိခဲ့ကြတာပေါ့။

သတိထားမိရဲ့လား ...။

ဒီလပိုင်းလေးအတွင်းမှာ သဲငယ်အိမ် ကိုကို့အိမ် အပြန်အလှန်အဝင်အထွက်တွေရှိခဲ့ကြပြီး ကောင်းမွန်တဲ့ Feedbacks တွေနဲ့ ကိုကိုတို့အတွက် နှစ်ဖက်မိဘတွေက ငြင်သာချောမွေ့ပြီး ပျော်ရွှင်နှစ်လိုရတဲ့ မိသားစုလေး နောက်ထပ်တစ်ခုကို ကိုယ်စီကိုယ်ငှပိုင်ဆိုင်ခဲ့ရတာပေါ့။ ကိုကိုကတော့ပျော်တယ်။ ဒီလိုနူးညံ့တဲ့အထိအတွေ့တွေနဲ့ နှစ်လိုဖွယ်ကောင်းတဲ့ မိသားစုလေးတွေကိုပိုင်ဆိုင်ရလို့ပေါ့။ ကိုကို့ဝန်းကျင်မှာ ကိုကိုတို့လို နှစ်အိမ့်တစ်အိမ် ငြင်သာချောမွေ့တဲ့လမ်းခင်းလို့မရတဲ့ ပြဿနာအကြောင်းရင်းခံတွေနဲ့ လူတွေရှိတာ သဲငယ်သိသားပဲလေ။ ဒါကြောင့်မို့လည်း ကိုကို့မှာပျော်ရွှင်ကြည်နူးရပါတယ်။



-

သိပ်ချစ်ရတဲ့ သဲငယ်လေးရေ ...

ကိုကို့ရဲ့ပေါ့ဆမှုကြောင့် သဲငယ်ဆီကို မေးခွန်းပေါင်းများစွာက ပစ်လွှတ်လိုက်တဲ့မျှားတွေလိုကျရောက်လာခဲ့တယ်နော်။ ဒီ့အတွက် ကိုကိုတကယ်စိတ်မကောင်းဖြစ်ပြီးတောင်းပန်ပါတယ်။ ကိုကို့ရဲ့ နမော်နမဲ့ဖြစ်မှုကြောင့် ကိုကိုတို့ဖြစ်စေချင်တဲ့အချိန်ကာလမရောက်မှီ အသိုင်းအဝိုင်းကသိသွားခဲ့ပြီး သဲငယ်စိတ်ကို မေးခွန်းပေါင်းများစွာနဲ့မွန်းကြပ် စိတ်ရှုပ်ထွေးစေခဲ့ရတယ်လေ။ ဒီလိုအချိန်ကာလမှာ အရာရာမှာ ဗလာနတ္ထိဖြစ်နေသေးတဲ့ကိုကို့ဘက်ကို ရဲရဲဝံ့ဝံ့ လာရပ်ပေးတဲ့သဲငယ်ဟာ ကိုကို့အတွက် အနှိုင်းမဲ့ ပါပဲ။ ကိုကိုကံကောင်းတယ်ပေါ့နော်။ ဒီလိုစိတ်ရှုပ်ထွေးမှုတွေ၊ အနစ်နာခံပေးဆပ်မှုတွေ၊ ယုံကြည်ပေးရဲမှုတွေကြောင့်ပဲ ကိုကိုဟာ ပို၍ပို၍ သဲငယ်အတွက် (သို့) ကိုကိုတို့အနာဂတ်အတွက် သဲငယ်ရဲ့ရွေးချယ်ခဲ့မှုမမှားယွင်းခဲ့ဘူးဆိုတာကို သက်သေထူမှာပါ။ ဆက်လက်ပြီး ယုံကြည်ကိုးစားနေပေးပါသဲငယ်ရေ။

ကိုကို့အနားမှာ အမြဲရှိနေပေးပါ။ သဲငယ်ရဲ့အကြည့်၊ မျက်ဝန်း၊ နှုတ်ခမ်း၊ အရယ်အပြုံးတွေ ထာဝရ ကိုကို့အနားမှာ ရှိနေစေချင်၊ မြင်ချင်၊ ကြားချင်ပါတယ်။ ( အော်တာနဲ့ကိုက်တာလေးတော့  မပါကြေးပါ့လေ😛 ) ...

-

သဲငယ်ရေ ...

ဒီစာစုဟာ ၇ လပြည့်လို့ရေးတဲ့စာစုတစ်ခုထက်အများကြီးပိုပြီး အဓိပ္ပါယ်နက်ရှိုင်းပါတယ်။ သဲငယ်ရဲ့ကိုကို့အပေါ်ပေးဆပ်ချစ်နဲ့ချစ်တတ်မှုနဲ့ပင်ကိုယ်သိဖြစ်တဲ့ သိတတ်မှုတွေဟာ ဒီကမ္ဘာပေါ်မှာ သဲငယ်တစ်ယောက်တည်းမှာပဲ ဖြစ်တည်နေပြီး ဒီကောင်မလေးကိုပဲ ပိုင်ဆိုင်ထားရတဲ့ ကိုကို့ကိုကံကောင်းစေဖို့ဖြစ်လာတဲ့အကြောင်းကို ရေးဖွဲ့မှတ်တမ်းတင်ထားမှုဆိုရင်လည်းမမှားပါဘူး။  တစ်ရက်ထက်တစ်ရက် ပိုပိုပြီး ကိုကိုအနားမှာ တွဲလက်တွေခိုင်မြဲလို့ ရှိနေပေးပါအုံးနော်။ ကိုကိုဖန်တီးဖော်ဆောင်မယ့် အနာဂတ်လေးကို စိတ်ရှည်ရှည်နဲ့ စောင့်ပြီး အတူတူကြိုးစားပုံဖော်ကြစို့ကွဲ့နော် ...။



သိပ်ချစ်တယ် ....။      ။

ချစ်ရတဲ့သဲငယ်လေး ရွှင်လန်းချမ်းမြေ့ပါစေကွယ် ....

Happy 7 Monthiversary

25/01/2023 

Forever Together


Comments