Happy 6th Monthiversary Day

သဲငယ်ရေ ...

ကိုကိုတို့ရဲ့ Happy 6th Monthiversary Day လေးမှာ တကယ့်ကို ထူးခြားတဲ့ တိုက်ဆိုင်မှုလေးနဲ့ ကိုကို့ရဲ့မိသားစုလေးနောက်တစ်ခုကိုပိုင်ဆိုင်ခဲ့ရသလို ခံစားရပါတယ်။ ကိုကိုနဲ့သဲငယ်ရဲ့ နှစ်ဝက်ပြည့် ချစ်သက်တမ်းလေးမှာ ပထမဦးဆုံး သဲငယ် မိသားစုအိမ်လေးကိုရောက်ခဲ့ရတာနော်။ ဒါဟာ ထူးခြားသလို၊ ကောင်းမွန်တဲ့အနာဂတ်တစ်ခုအတွက် အဦးအစ အခြေအနေကောင်းလို့ ကိုကိုယုံကြည်တယ်။ ကိုကို့အပေါ် သဲငယ်မိသားစု (အထူးသဖြင့်) ယောက္ခမ အနေနဲ့ အားကိုးရတဲ့သမီးကြီးကို မိသားစုထဲကဆွဲထုတ်သွားမလားဆိုတဲ့ အတွေးမျိုးနဲ့ ကိုကို့ကိုမြင်နေမလား၊ ဆက်ဆံနေမလား၊ မေးခွန်းတွေအများကြီးမေးလာတဲ့အခါ ဘယ်လိုဖြေရမလဲ ... စတဲ့အတွေးမျိုးတွေနဲ့ ကိုကို့ရင်ထဲမှာ စိုးထင့်စိုးထိတ်မှုတွေရှိနေခဲ့တာကို သဲငယ်ကိုမပြောပြ၊ မသိစေခဲ့ပဲ ကိုကို တွေ့ဆုံခဲ့တာပါ။ ဒီအတွက်တော့ သဲငယ်ကိုတောင်းပန်ပါတယ်။ ဘာလို့မပြောခဲ့ရလဲဆိုတော့ ဒီလိုအခြေအနေ ဖြစ်ခဲ့သည်ဖြစ်စေ မဖြစ်ခဲ့သည်ဖြစ်စေ ကိုကိုကျိန်းသေရင်ဆိုင်ရမယ့် ကိစ္စမို့လို့ပါ။ အိမ်တံစက်မြိတ်အောက်စဝင်ကတည်းက ကိုယ့်မိသားစုအိမ်လိုပဲ ခံစားရပြီး နွေးထွေးတဲ့ခံစားချက်တွေ ရနေခဲ့တာပါ။ တကယ် သဲငယ် မေမေက သိပ်ချစ်ဖို့ကောင်းပါတယ်။ စကားအပိုမလိုမရှိပဲ နွေးထွေးတဲ့ ဆက်ဆံမှုနဲ့ ကိုကို့ကိုကြိုဆိုခဲ့တာက သိပ်ကြည်နူးချမ်းမြေ့ရပြီး ကျေးဇူးတင်ပါတယ်။ စီစဉ်သွားတဲ့လက်ဆောင်တွေအတွက် ကိုကို စိတ်ကြိုက်အားရသေးတာတော့မဟုတ်လို့ တကယ်အားနာနေတာပါ။ ဒါဟာ ကိုကိုနဲ့သဲငယ်မေမေရဲ့ ပထမဆုံး စဆုံတွေ့မှု ( First Impression ) အရ တစ်စုံတစ်ရာ မထိခိုက်ပါစေနဲ့၊ မရိုက်ခတ်ပါစေနဲ့လို့လည်း ဆုတောင်းနေမိပါသေးတယ်။ တကယ် ကိုကိုဝယ်ပေးနိုင်သေးတာက တကယ့်ကိုနည်းပါးလွန်းပြီး လက်ဆောင်လို့တောင် မခေါ်ထိုက်တဲ့ သေးငယ်ငယ်လေးတွေပဲမို့လား။ ကိုကို့ လက်ရှိအချိန်မှာ နားလည်ပေးလို့လည်းကျေးဇူးတင်ပါတယ်။ ကိုကိုသွားနေတဲ့ပန်းတိုင်ကိုလည်းရောက်အောင်သွားဖို့ ပို၍ပို၍ မိုတီဗေးရှင်းဖြစ်လာစေတဲ့ မိသားစု အသိုက်အဝန်းလေးကို ဆုံတွေ့ခဲ့ရတာပါ။ ဒီနေ့ကလေးကလည်း အမှတ်တရတွေထဲက အမှတ်တရတစ်ခုပါပဲနော်။ သိပ်ကိုကျေးဇူးတင်ပါတယ် သဲငယ်ရေ ...။ ကိုကို့ကိုချစ်ပြီး ကိုကို့အနားမှာ ဖေးမပြီး အားပေးနိုင်တဲ့အားပေးဖေါ်လေးဖြစ်နေပေးလို့ပေါ့ ...။

-

သဲငယ်ရေ ...

ချစ်တယ်ကွယ် ... ချစ်တယ် ... ချစ်တယ် ... ချစ်တယ် ... ချစ်တယ် ...

အရမ်းချစ်တယ် ... အရမ်းချစ်တယ် ... အရမ်းချစ်တယ် ... အရမ်း အရမ်း ...

အရမ်း ... အရမ်း ... ချစ်တယ်ကွယ် ...

တကယ် ...။ ရေးနေရင်း ပြောနေရင်းနဲ့ကို စိတ်ထဲမှာ မရေးရမနေနိုင်အောင်လို့ကို ခံစားချက်တွေ အရမ်း Hype လာတာပါ။ သဲငယ်ကို အရမ်းချစ်တယ်၊ အမြဲချစ်တယ်၊ ထာဝရချစ်တယ်။

ထာဝရထက် အဆ ရာထောင်မကကို ချစ်တာပါ။

...

ထာဝရထက် ထာဝရ ပိုချစ်နေသော ကိုကို ...

25 December 2022
Happy 6th Monthiversary Day
( Happy Marry Christmas )
( Home Date )
#SAVEDATE


Comments