Happy 2th Months Anniversary

ချစ်ရတဲ့ သဲငယ် ရွှင်လန်းချမ်းမြေ့ပါစေကွယ် …

-

အမှတ်တရတဲ့ …

လူတွေမှာ အမှတ်တရ အမျိုးမျိုး ရှိကြတယ်။ အကောင်းပဲ ဖြစ်ဖြစ် အဆိုးပဲ ဖြစ်ဖြစ် စိတ်ထံစွဲကျန်မှတ်မိနေမိတာမျိုးပေါ့။ သဲငယ်စိတ်ထံမှာ ကိုကို့ပုံရိပ်၊ အသံ၊ အထိအတွေ့တွေ စွဲကျန်မှတ်မိနေတာမျိုး၊ ကိုကိုနဲ့ပက်သတ်တဲ့ ဖြစ်ရပ်၊ ဖြစ်စဉ်တွေ အမှတ်တရ ထင်ကျန်နေတာမျိုး ရှိနေလား ၊ ရှိမနေသေးရင်လည်း ရှိစေချင်တယ်။ လူတစ်ယောက်ရဲ့ ရင်ထဲ လူတစ်ယောက်ရှိနေချင်းဟာ ဘယ်တော့မှ အထီးကျန်စိတ် ဖြစ်မလာစေဘူးမို့လား။ အထူးသဖြင့် ကိုကိုချစ်ရတဲ့ သဲငယ်ရဲ့ ရင်ထဲ ကိုကိုရှိနေတယ်ဆိုတာ သိပ်ကိုကောင်းတဲ့ ကိုကို့အတွက် ကံထူးခြင်းမျိုးပေါ့။ ဆုလာဘ်တစ်မျိုးဆိုလည်း ဟုတ်ပါရဲ့ …..။

-


ကိုကိုအတွက် ဇွန်းလေးကိုင်ပြီး ကော်ဖီခွက်လေး မွှေပေးတဲ့ ပုံရိပ်လေး၊ လှည်းတန်းစင်တာရှေ့ လက်ရန်းလေးကို မှီရင်း စောင့်နေတာ၊ လိုင်းကားစီးတဲ့အခါ ကိုကို့လက်ဖဝါးထဲက သဲငယ် လက်ဖဝါးလေးကို ငြိမ်ငြိမ်လေးထားပြီး အပြင်ကိုငေးနေတာ၊ အတူလမ်းတွေလျှောက်ကြတဲ့အခါ ကိုကို့လက်မောင်းကို ချိတ်ထားတဲ့ သဲငယ်ရဲ့ ရွှင်ပြ မျက်နှာလေး၊  အရင်းနှီးဆုံး အတူနေချိန်တွေမှာ ကိုကို့နှုတ်ခမ်းတွေကို မြတ်မြတ်နိုးနိုး နမ်းနေတတ်တာ၊ စိတ်ကောက်ချိန်မှာ ရှင်းပြမခံတော့တဲ့ မျက်နှာ …..

အို …. ကိုကိုမှတ်မိနေတဲ့ ပုံရိပ်တွေ တကယ် အများသားပါ။

-

ဒီနေ့ဟာ ကိုကိုတို့ Relationship သက်တမ်း ရက် ၆၀ ပေါ့။ ကိုကို့အတွက်တော့ ခံစားကြည်နူးရတာ ၆ နှစ်စာပါ။ ကိုကိုတို့ စတင်ဆုံစည်းချိန်ကတည်းကနေ ကိုကို့စိတ်ခံစားချက်တွေ ထိခတ်ပေါက်ဖွားလာခဲ့တဲ့ အချစ်အပေါ်ပဲ ကိုကိုသက်တမ်းတွက်တယ်။ Relationship Time ကို ပြန်တွေးတိုင်း နီးနီးလေးရယ်လို့ ကိုကို တစ်ခါဘူးမှ မခံစားရဘူး။ ကိုကိုတို့ ရဲ့ တစ်ဦးပေါ်တစ်ဦး ဒီလိုခံစားချက်ဟာ သဲငယ်လည်း ထပ်တူရှိလိမ့်မယ်လို့ ကိုကို ယုံကြည်တယ်။ တစ်ရက်ပြီး တစ်ရက် ခိုင်မာ အားကောင်းတဲ့နှောင်ဖွဲ့မှုမျိုးနဲ့ ကိုကိုတို့ အချစ်တွေ ထုထည်ကြီးမားစွာ ဖြစ်တည်မြဲမြံလာတယ်ဆိုတာကို ကိုကို ခံစားရတယ်။ သဲငယ်ကရော …..။

-

သဲငယ်ရေ …..

တရားဝင် ဆိုရင် ရက်ပေါင်း ၆၀ ပဲ ဆိုပါစို့။

ရက်ပေါင်းခြောက်ဆယ်ကနေ နောက်ထပ် ရက်ပေါင်းလပေါင်းများစွာ ကိုကိုတို့ တစ်ဦးအပေါ်တစ်ဦး ချစ်မြတ်နိုးမှုတွေ၊ တစ်ဦးအတွက် တစ်ဦးဖြစ်တည်မှုတွေ၊ ပေးဆပ်ချစ် တွေနဲ့ ပျော်ပျော်ရွှင်ရွှင် နှစ်ယောက်ဘဝလေးတစ်ခု တည်ဆောက်နေကြမယ်နော်။ ကိုကိုတို့ ဝင်သက်ထွက်သက်တွေ တည်မြဲနေသမျှအချိန်တိုင်းပေါ့လေ ….။

- - - သိပ်ချစ်တယ် သဲငယ် - - -

“ I Love You So Much My Light ❤️ “

“ Every Times, Everywhere, Ever Closed You And Me “

❤️Love you more ❤️

-

Dear Lovely : Ko Ko

Comments