Happy One Year and Nine Months Anniversary’s Day

 သို့ …

ချစ်ရပါသော သဲငယ်ရေ …

လွမ်းတယ်ကွယ်။ ကိုကိုဟာ အရွယ်ရောက်ပြီးကတည်းက မြန်မာပြည်အနှံ့ကို အလုပ်ကိစ္စတွေနဲ့ လရှည်ခရီးတွေ ထွက်ရပြီး အိမ်လွမ်းဝေဒနာတွေ ပွေ့ပိုက်ပြီး အမြဲ နေခဲ့ရသူပါ။ သို့ပေမယ့် ဒီလို အတွေ့အကြုံ ခံစားချက်တွေ ရှိခဲ့ရတာတောင် အခု တစ်ခေါက် ခရီးမှာ သဲငယ်ကို လွမ်းရတာဟာ အလုပ်ပင်ပန်းရခြင်းထက် ပိုတဲ့ စိတ်ခံစားချက် နွမ်းလျမှုပေါ့။ လွမ်းတယ် သဲငယ်ရယ်။ နေ့စဉ် နေ့တိုင်း Video Call တွေ ပြောနေပါလျက်နဲ့ ကိုကို လွမ်းရ တမ်းတရတာဟာ တကယ့်ကို ကိုကိုကိုယ်တိုင်အောင် အံ့ဩဖိစီးရတဲ့ စိတ်ခံစားချက်တွေပါ။ ဘယ်လိုပြောရမလဲ ….။ နံနက်စာတွေ ကိုကို့တို့အတူတူ စားခဲ့တာတွေ၊ ညနေချိန်တွေ၊ သဲငယ်လက်ကလေးကို ကိုင်လို့ လမ်းဖြတ်ကူးရတာတွေ၊ အိမ်ပြန်ချိန် ကားတွေ အဆင်မပြေကြမှာ စိုးလို့ တစ်ယောက်အပေါ် တစ်ယောက် ဂရုတစိုက် စိုးရိမ်လို့ မှာတတ်ကြတာတွေ။ 

… အို …

ကိုကို လွမ်းရခြင်းမှာ တကယ့်ကို အကြောင်းအခြင်းအရာတွေ အများကြီးရှိနေတာပါ။



- ချစ်သော သဲငယ် ( ကိုကို့ကလေးလေးရေ )

ကိုကိုတို့ အခုရက်ပိုင်း စကားတွေ၊ စိတ်ခံစားချက်တွေ ကတောက်ကဆနဲ့ ထိရှကြတယ်နော်။ ကိုကို့ခံစားချက်နဲ့ စိတ်စေတနာကို သဲငယ် နားမလည် မသိသလို၊ သဲငယ်ရဲ့ စိတ်နဲ့ ခံစားချက်ကိုလည်း ကိုကို တိတိပပ မသိတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါဟာ ဘယ်သူ့ ဘယ်သူမှရဲ့ အပြစ် / အားနည်းချက် မဟုတ်ရပါဘူး။ ကိုကိုပြောခဲ့သလို ကိုကို့တို့ဟာ အတူတူ နေနေပြီး Physically အရ နေ့စဉ် မြင်တွေ့ ထိတွေ့နေရသူတွေမှ မဟုတ်ပဲ။ တကယ်တမ်း တစ်ယောက်အပေါ် တစ်ယောက် အလုံးစုံ သိမြင် နားလည်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဘာလို့လဲဆို တခါတရံမှာ ကိုယ့်စိတ်နဲ့ကိုယ်တောင် ဒွိဟ ဖြစ်ရတဲ့ ကိစ္စတွေ ရှိကြတာပဲ မဟုတ်လား။ ဟိုဟာ ကောင်းနိုး ဒီဟာ ကောင်းနိုးနဲ့ ဆုံးဖြတ်ရခက်တဲ့ အခြေအနေမျိုးတွေလေ။ ကိုယ့်ဘာသာတောင် ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် လွန်ဆွဲနေရခြင်း ကိစ္စတွေတောင် ရှိသေးတာပဲ။ အနားကလူက အလုံးစုံ သိမြင်နိုင်ဖို့ဆိုတာ တော်တော် လေးကို မဖြစ်နိုင်တဲ့ အကြောင်းတရားပါ။ 

ဆိုတော့ …..

ကတောက်ကဆတွေ ဖြစ်ရလည်းပဲ ကိုကိုတို့ရဲ့ Relationship ကို မထိခိုက်ဘူးလို့ ကိုကိုယုံကြည်ထားပါတယ်။ ဘာကြောင့်လဲဆို ကိုကိုတို့ဟာ Problem တိုင်းကို Fix ဖြစ်အောင် စိတ်တူကိုယ်တူ ဖြေရှင်းချင်တဲ့ စိတ်ရှိပြီး အတူတကွဖြေရှင်းကြလို့ပါပဲ။ 



- သဲငယ်ရေ -

တခါတရံလေ ကိုကိုအိပ်မက်လားတောင် ထင်မိတယ်။ ကိုကို ကကြီးကို ရောက်ခဲ့ရခြင်းကို ဆိုလိုတာပါ။ ဒီလို ရောက်ဖို့ကို လများစွာ၊ အချိန်များစွာ၊ စိတ်ပင်ပန်းရခြင်းများစွာ နဲ့ ရင်းနှီးပေးဆပ်ခဲ့ရတော့လည်း ရောက်ခဲ့ရခြင်းတောင် အိပ်မက်လို့ တခါတရံ ထင်မိနေတာပါ။ ကိုရီးယားရဲ့ လုပ်ငန်းခွင် ပင်ပန်းမှုဟာ ဘယ်လောက် ပင်ပန်းနေပါစေ ကိုကိုဟာ သဲငယ် မျက်နှာလေးကို မြင်ရရုံနဲ့ ပြန်လည်လန်းဆန်း အားအင်ပြည့်ဝ တက်ကြွရပါတယ်။ ကိုကို့ရည်ရွယ်ပန်းတိုင်ဖြစ်တဲ့ ဒီကောင်မလေးနဲ့ အနာဂတ် တစ်ခုကို တည်ဆောက်ချင်တဲ့ စိတ်ကူး အိပ်မက်လေး တစ်ရက်ထက် တစ်ရက် နီးလာခြင်း ဆိုတဲ့  လှိုက်ခုန်ပျော်ရွှင်ရတဲ့ စိတ်ခံစားချက်နဲ့ပေါ့လေ။ သဲငယ် ယုံပါ။ ကိုကိုဟာ သဲငယ်ရဲ့ ပျော်ရွှင်ခြင်းကို ရှေ့ရှုပါတယ်။ သဲငယ်ပျော်ရင် ကိုကို ကြည်နူးပီတိဖြစ်ရတယ်ပေါ့။ ( တခါတရံမှာ သဲငယ် အတွေးလွဲ၊ ယူဆချက်လွဲ၊ လုပ်နည်း လုပ်ဟန် လွဲ တဲ့အခါလည်း ကိုကိုက စိတ်ဆိုးခြင်း ( အလျဉ်းမရှိ ) ပဲစိတ်စေတနာ သန့်သန့်နဲ့ ဆွေးနွေး လမ်းပြတာပါ သဲငယ်။ သဲငယ်ထင်တဲ့ ငွေကြေးကြောင့်လို့ ထင်နေတာ မဟုတ်ဘူးဆိုတာကို ယုံစေချင်ပါတယ်။ ကိုကို့ စိတ်စေတနာနဲ့ ခံစားချက်ကို မမြင်မိတာကိုလည်း ကိုကို့စိတ်ထဲ နားလည်ပါတယ်။ ဒီ စာစုရဲ့ ဒုတိယ အပိုဒ်မှာ ကိုကိုရှင်းပြခဲ့ပြီးပါလေ။ ဆိုတော့ …

ကျန်းမာပျော်ရွှင်စွာ ရှင်သန် နေထိုင်ပြီး ကိုကို့ကို ဘာတွေပဲ ဖြစ်ဖြစ် နေ့ရက်တိုင်း ပိုချစ်ပေးပါ သဲငယ်ရေ …

ကိုကိုကတော့ Everyday Everytime ပို၍ပို၍ ချစ်နေမြဲပါကွယ် … 


သိပ်ချစ်တဲ့ …

- ကိုကို -

( ခေတ္တ ကိုရီးယား )

대한민국 

25.03.2024

( Happy One Year and Nine Months Anniversary’s Day )


Comments