သဲငယ်ရေ ...
ဒီနေ့ကတော့ ကိုကိုတို့ရဲ့ RS သက်တမ်း 2 နှစ်နဲ့ 5 လပြည့်မြောက်ခဲ့တဲ့ နေ့ကလေးပေါ့ကွယ်။ ဒီရက်ပိုင်းအတွင်းတော့ နှစ်ဦးသား ကိုယ်စီကိုယ်ငှ နဲနဲစိတ်ပင်ပန်းကြရတယ်နော်။ ကိုကိုတောင်းပန်ပါတယ် ကလေးလေး ရေ။ ကိုကိုက ဝေးနေတော့ သဲငယ်ရဲ့ စိတ်ထဲ နှလုံးသားထဲမှာ ကိုကိုပဲ အမြဲကြီးစိုးနေချင်လို့ပါ။ အနားမှ နီးနီးကပ်ကပ်မရှိရပေမယ့် ရင်ထဲ စိတ်ထဲမှာ အမြဲရှိနေတာကို ကိုကိုတောင့်တ လိုချင်လို့ပါကွယ်။
သဲငယ်ရေ ...
သိပ်လွမ်းတာပဲကွယ်။ ချက်ခြင်းကို အပြေးပြန်လာပြီး ပွေ့ဖက်ထားချင်လှပါပြီ။ နေ့ရက်တိုင်း VC ပြောရရုံလေးနဲ့ မလုံလောက်ပါဘူးကွယ်။ သဲငယ်ရဲ့ နှုတ်ခမ်းတွေ၊ အနမ်းတွေ၊ ကိုယ်နွေးနွေးလေးတွေ .. ကိုကို ထိတွေ့ နမ်းရှိုက်ချင်လွန်းလှတဲ့ အလွမ်းမီးကလေးပေါ့ကွယ်။ ကိုရီးယားဆောင်းမှာ သဲငယ်နဲ့သာ အတူရှိရင် ဆိုတဲ့ အတွေးနဲ့လွမ်းဆွတ်မှုတွေကလည်း တစ်ရက်ပြီးပြီး ပိုပိုသည်းပါတယ် အချစ်ရယ်။ အမြန်ဆုံး ဆုံတွေ့ရဖို့အတွက် အချိန်တွေကို မစောင့်ချင်တော့ဘူးကွယ်။
ကောင်မလေးရေ ...
အစားအသောက်၊ အနေအထိုင်နဲ့ ကျန်းမာရေးကို ဂရုစိုက်ပါကွယ်။ တွေ့ရာတွေမစားပဲ ကိုယ်နဲ့ တည့်မယ့်၊ ဘေးဥပါဒ်မဖြစ်မယ့် အစားအစာမျိုးတွေကိုပဲ ရွေးစားတော့နော်။ ကျန်းမာရေးက လူတစ်ယောက်အတွက် အရေးကြီးပါတယ်။ ကျန်းမာမှ လုပ်ချင်တာလုပ်နိုင်မှာ မဟုတ်လား။ မကျန်းမာတော့ လုပ်ချင်တာလည်း မလုပ်နိုင်တဲ့အပြင် ရောဂါကနှိပ်စက်တော့ ကိုယ်လည်း ခံ ရတာပဲလေ။
စာတွေ သေသေချာချာ ကြိုးစားနော်။ ဘယ်သူဘာပြာပြော ဒီ Mission ကို အောင်မြင်ရမယ်ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားလိုက်ရင် စာမေးပွဲကို အခက်အခဲမရှိဖြေဆိုနိုင်မှာပါ။ သဲငယ်လည်း ကိုယ်တိုင်လုပ်ချင် ဖြစ်ချင်တဲ့ ဆန္ဒတွေပြည့်မြောက်အောင်မြင်လာမှာပါ။ ကိုကိုကတော့ ယုံကြည်တယ် ...
" 화이팅 ....."
,
ချစ်တဲ့ ကိုကို
25.11.2024 (Anniversary Day)
2 Year and 5 Months


Comments
Post a Comment