Happy One Year and Two Month Anniversaries Day

ချစ်ရတဲ့သဲငယ်ရေ ...

ရွှင်လန်းချမ်းမြေ့ပါစေကွယ် ... ၁၄ လ တိုင်ခဲ့တဲ့ ကိုကိုတို့ချစ်သက်တမ်းလေးအတွင်းမှာ ရည်ရွယ်ထားရာ Goal လေးတွေကို တရွေ့ရွေ့တဖြည်းဖြည်း တစ်ခုပြီးတစ်ခု ဖြည့်ဆည်းပုံဖေါ်နေကြတာနော်။ ခရီးသွားကြတယ်၊ ရန်ကုန်မြို့ကြီးကို ညဘက်အိမ်မပြန်ပဲထွက်နိုင်ခဲ့ကြတယ်။ တစ်ခုပဲလိုတော့တယ်။ ကိုကိုတို့ Photo Shoot ဖို့။ ဒါလေးတစ်ခုကို ကိုကိုလည်း အတော်လေးကို လုပ်ချင်၊ ဖြည့်ချင်နေပါပြီ။ သိပ်မဝေးတော့ခင်မှာ ကိုကိုလုပ်နိုင်တော့မှာပါ။ မကြာတော့ပါဘူး .... -




သဲငယ်ရေ ... 

တစ်ယောက်အတွက် တစ်ယောက်ရှိကြရင်း အတူကုန်လွန်ခဲ့တဲ့နေ့ရက်တွေက မြန်လိုက်တာနော်။ အတူတူအနားနားရှိခိုက်မှာ အချိန်တွေက မြန်နေပြီး (တကယ်လို့များ ကိုကိုသာ ရေခြားမြေခြားသွားပြီး စီးပွားရှာရတဲ့အခါ ) လွမ်းနေရတော့မှာမို့ အချိန်တွေက နှေးနေတော့မှာပဲ။ ခဏခဏ တွေးမိတိုင်း ဖြစ်ချင်တဲ့စိတ်နဲ့ ရင်ထဲမှာ ထပ်ခါထပ်ခါပြုနေမိတဲ့ အသံရှိတယ်။ " မခွဲချင်ဘူး " တဲ့ ....

-




ချစ်ရပါသော သဲငယ်ရေ ....

ဒီစာကို နောက်ကျမှ တင်နိုင်၊ ရေးနိုင်လို့ တောင်းပန်ပါတယ်။ ကျန်းမာရေး ကိစ္စက ဝင်လာခဲ့လို့ပါ။ အခုတော့ ရေးနိုင်ပြီမို့ ရေးလိုက်ပြီပေါ့။ ဒီလထဲမှာ သဲငယ်ရော ကိုကိုရော နေမကောင်းဖြစ်ကြတယ်နော်။ အောက်ချင်းငှက်ကလေးတွေလိုပဲ။ ခွဲမရအောင် ချစ်ကြတာပေါ့။ ကိုကို့ကို ဂရုစိုက်ပြီး သေသေချာချာပြုစုပေးလို့လည်း ကျေးဇူးတင်ပါတယ် ကိုကို့ကလေးလေရေ ။ အရမ်းချစ်တယ်နော် ...။ _

မားမားရဲ့ ပါပါး

25082023

SaveDate

(Happy One Year and Two Month Anniversaries Day)

Comments