Happy 8th Monthiversary Day

 သဲငယ်ရေ ...
ကိုကိုတို့ ဘဝတွေက ပန်းလိုရင် အပင်ကို ပျိုး ရတဲ့ဘဝတွေပေါ့ကွယ် ...
ကိုယ်ပျိုးမယ့်ပန်းခင်းအတွက် ကိုယ်ကိုတိုင်က သန်မာအားကောင်းနေရမယ်မဟုတ်လား။ စိတ် ၊ ရုပ်ခန္ခာတွေရဲ့ သဘောတရားအရ တခါတရံမှာ စိတ်ပျက်အားငယ်မှုတွေဝင်လာတတ်တာပါပဲ။ ဒါဟာ သဘာဝပဲ။ ကိုယ်မဖြစ်ချင်လည်း အလည်လာတတ်တဲ့ ခံစားမှုတွေပေါ့။ ဒီလို လာတတ်တာကို ကိုယ်မှ ထိန်းချုပ်လို့မရတာ လွှတ်ထားလိုက်ရုံပါ။ သတိထားရမှာက ကိုယ့်စိတ်ရဲ့တည်မှီရာပဲ။ Depression တွေနောက်လိုက်ပြီး ကိုယ့်စိတ်က ဝုန်းခနဲ Fall Down ဖြစ်လို့မှမရတာပဲလေ။ ကိုယ့်စိတ်က ဘာဖြစ်နေတယ်ဆိုတဲ့ အမြဲမပြတ်သိစိတ်လေးထားလိုက်ရုံနဲ့ ဒီပြဿနာတွေဟာ နွေညကောင်းကင်လို ကြည်လင်ရှင်းသန့်နေမှာ အသေအချာပဲပေါ့ကွယ်။

-

ကိုကိုသိပ်ချစ်ရတဲ့သဲငယ်ရေ ...

စိတ်တွေ၊ ရုပ်တွေ ဘယ်လိုပဲ နိမ့်၊ မြင့်၊ တက်၊ ကျ ဖြစ်နေပါစေ သည်းခံအားတင်းလို့ ကိုကိုပုံဖော်နေတဲ့ ကိုကိုတို့ရဲ့ အနာဂတ်ပန်းခင်းလေးအတွက် ကြံ့ခိုင်သန်မာနေပေးပါအုံးနော်။ သဲငယ် သန်မာနေမှ၊ ကြံ့ခိုင်နေမှ ကိုကိုတို့လျှောက်နေတဲ့လမ်းကလေးက ချောမွေ့ပြေပြစ်ပြီး လိုရာပန်းတိုင်ကိုမြန်မြန်ဆန်ဆန်နဲ့ညင်ညင်သာသာရောက်နိုင်မှာပါ။ ကိုကို့အတွက် သဲငယ်လိုအပ်တယ်။ ကိုကို့အနာဂတ်၊ အိပ်မက်၊ သွားနေတဲ့ပန်းတိုင် အရာတိုင်းမှာ သဲငယ်ပါတယ်၊ သဲငယ်လိုတယ်။ ဒီအတွက် ကြံခိုင်နေပေးနော်။ တစ်ချိန်မှာ ဒီလို သည်းခံအားတင်းခဲ့ရသမျှတွေအတွက် ရလဒ်က ပြန်ကာမိစေပါမယ်လို့ ကိုကိုကတိပေးပါတယ်။

-

ကိုကို့ရဲ့သဲငယ် (သို့မဟုတ်) ပါပါးရဲ့ မာမားရေ ...

ဆိုးတာတွေ ဆိုးချင်သလောက်ဆိုးစမ်းပါစေ ကိုယ် Control လုပ်လို့မှ မရပဲကွယ်။ ဒီတော့ ဖြစ်လာတွေကို မကြိုက်ရင် ကိုယ်ကြိုက်တာတွေဖြစ်လာအောင်လုပ်ဖို့ပဲ ရှိပါတယ်။ မနက်ဖြန်တိုင်းဟာ ကိုယ့်ရင်တံခါးကို ဘယ်လိုပုံစံ၊ ဘယ်လိုအရာတွေနဲ့ လာခေါက်မှာလဲဆို မသိနိုင်ဘူးမို့လား။ လူတိုင်းကတော့ ပျော်ရွှင်မှုနဲ့ အကောင်းတကာ့အကောင်းဆုံးတွေကိုပဲ တံခါးလာခေါက်စေချင်တာပေါ့။ ကိုကိုလည်းပါတယ်၊ သဲငယ်လည်းပါတယ်၊ လူတိုင်းလည်းဒီလိုပါပဲ။ ဒါပေမယ့် သူ့သဘောသူဆောင် လာတတ်တဲ့ကောင်းခြင်း၊ ဆိုးခြင်းတွေကို လူဖြစ်လာမှတော့ အချိန်တိုင်းရင်ဆိုင်နိုင်အောင်ကြိုးစားထားကြရုံပါ။ လောကကြီးက ရိုးရှင်းပါတယ်။ ဘဝတွေရှိမယ်၊ အကြောင်းတရားတွေရှိမယ်၊ အကျိုးရလဒ်တွေ ရှိမယ်၊ ကံလို့ခေါ်တဲ့ အချိန်ကိုက်ရောက်လာတတ်တဲ့ ဧည့်သည်လေးရှိမယ်။ ဒါပါပဲ။ ဒီလောက်အထိရိုးရှင်းပါတယ်။ ဒီလောကကြီးမှာ ကိုယ်ရယ်၊ ကိုယ့်ရဲ့ဖြစ်တည်လာတဲ့ဘဝလေးရယ်၊ ကိုယ်လုပ်နေတဲ့အကြောင်းတရားတွေရယ်၊ အကြောင်းတရားရဲ့ အကျိုးရလဒ်တွေရယ်၊ နောက်ပြီး ကံဧည့်သည်လေးပေါ့။ ရိုးရှင်းပါတယ်။ ကိုယ့်အလုပ် ကိုယ်လုပ်နေကြရုံပါ။ အရားအားလုံး နေသားတကျပါပဲ ... နော် ...

( တရားဟောတာမကြိုက်တဲ့ သဲငယ်အတွက် တရားဟောသလိုဖြစ်သွားရင် သည်းခံခွင့်လွှတ်ပေးပါအုံး။ နှုတ်နဲ့ပြောရင် မရမှန်းသိလို့စာနဲ့ အားတင်းဖို့ရေးတာပါ။ နောက်ပြီး Monthiversary တိုင်း သဲငယ်ဖတ်ဖို့ ရေးနေကျ စာစုပေါ့ကွယ်။ ဒီတစ်ခါတော့ နဲနဲဆန်းတယ်မို့လား။ တကယ်တော့ တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန်အားထားကြသူတွေချင်းအတွက် ရေးတဲ့ အားပေးစာပါပဲ။ စိတ်ဓါတ်မကျနဲ့နော်။ အတူတူဆိုတဲ့အတွေးလေးတွေးထားပါကွယ်။ ရင်ထဲစွဲလေ ကောင်းလေပါပဲ။ )

ချစ်တယ် ... အရမ်း .... (အဲ) ...

အရမ်းချစ်တယ်....။

-  မာမားရဲ့ပါပါး -

- Happy 8th Mothiversary
- 25/02/2023
- Save Date

Comments