First Valentine's Day

 Valentine Day တဲ့ သဲငယ်ရေ ...

ကိုကို့အတွက်ကတော့ထူးပြီး ချစ်ပြ ရိုပြနေရတဲ့  ဒီတစ်ရက်တည်း မဟုတ်ပါဘူး ...။ ကိုကိုကတော့ နေ့ရက်တိုင်းမှာ ချစ်သူများနေ့ပါ။ နေ့ရက်တိုင်းမှာ မြတ်နိုးဂရုစိုက် စောင့်ရှောက်မှုတွေနဲ့ သဲငယ်အနားမှာ အကောင်းဆုံး အတူရှိနေမှာပါ။ ကိုကို ပြောဘူးသလို သဲငယ်အနားမှာ ကိုကိုဟာ ချစ်သူ၊ အဖေ၊ အကို၊ မောင်လေး .. အရာအားလုံးရဲ့ တစ်ဦးတည်းသော ဗားရှင်းပေါ့။ ကိုကို ဒီလိုစိတ်ခံစားချက် ဒီလိုချစ်ခြင်းမေတ္တာတရားတွေနဲ့ သဲငယ်အပေါ်ချစ်တယ်။ စိုးစဉ်းငယ်မျှသော သွေဖည်တိမ်းမှုလည်း မရှိသော စစ်မှန်မှုပေါ့ကွယ်။ ဒါတွေဟာ စကားတတ်တိုင်းလျှောက်ပြောနေတာမဟုတ်ပဲ ကိုကို့အသွေးထဲအသားထဲကကို တစစ်စစ်နဲ့ သွေးတိုးနှုန်းတွေ မြန်နေရတဲ့ သဲငယ်အပေါ် ရင်ခုန်မြတ်နိုးခြင်းတွေပေါ့။

-

သဲငယ်ရေ ...

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက မေးလိုက်တယ်နော် ...။ ကိုကိုက တစ်နေ့မှာ သဲငယ်ကိုထားသွားမလားဆိုပြီးတော့ပေါ့။ ခဏခဏ ကိုကိုပြောပြရှင်းပြတိုင်းလည်း ဒီမေးခွန်းပဲ ခဏခဏ အမေးခံရတာ ဉာဏ်တိမ်လွန်းတဲ့ကိုကိုက နောက်တော့မှ သဘောပေါက်ပြန်တယ်ကွယ်။ ဒီလိုကိစ္စနဲ့ ကိုကိုတို့ အတော်ညှိနှိုင်းဘူးတယ်ထင်တာပဲနော်။ တကယ်တော့ သဲငယ် အတွေးလွန်နေတာထက် ကြားချင်လို့မေးတဲ့စကားမှန်း နောက်မှ သဘောပေါက်တယ်ကွယ်။ ကိုကိုရဲ့ ချစ်သဲငယ်လေးက တခါတလေလည်း ကလေးလို လုပ်တတ်တာကို ကိုကိုမေ့သွားတယ်ထင်ပါရဲ့။ ခဏခဏ မေ့မေ့တတ်လာတဲ့ ဒီအဖိုးကြီးကို အရင်ထက် ပိုပို ဂရုဏာထား ချစ်ပေးအုံး သဲငယ်ရေ ...။

နောင်တစ်ချိန်မှာ ဒီအဖိုးကြီးရဲ့အနား ဒီအဖွားကြီးကိုပဲ မြင်ချင်တာပါကွယ် ...။ နော် ...။

-

သဲငယ်ရေ .. စိတ်ချပါကွယ် ...

မမောစတမ်း ကိုကိုခဏခဏပြောသလိုပေါ့။ ကိုကိုဟာ သဲငယ်အနားကို လာချင်လွန်းလို့ကို မရောက်ရောက်အောင်ပြန်လာခဲ့သူပါကွယ်။ နှလုံးသွေးနဲ့ အသည်းအသက်က လိုအင်အတိုင်း သဲငယ်အနားမှာ ချစ်သူအဖြစ်နဲ့ လာပြီးအလုပ်အကျွေးပြုတာပါ။ လာချင်လွန်းလို့ အဆီးအတားတွေရှိမှန်း သိသိနဲ့လာခဲ့သူက ဘယ်လို သွေဖည်မှုမျိုးနဲ့ သဲငယ်အနားကနေ ဝေးကွာသွားအောင် ဖန်တီးမတဲ့လဲ။ ယုံကြည်ထားပေးဖို့ပဲ ထပ်ခါထပ်ခါ မှာခဲ့သလို အခုလို စာစုနဲ့လည်း ထပ်ပြီး ကတိ၊ သစ္စာတွေ တိုင်တည်ပါတယ်ကွယ်။ ကိုကို့ရှင်သန်နေ့ရက်တိုင်းရဲ့ အဓိပ္ပါယ် နဲ့ စိတ်နှလုံးသားတွေပေးဆပ်ချစ်နေမှာပါ။ 

နောက် .. အတွေးမှားတွေ မတွေးနဲ့တော့နော် ...။

ဪ ...

ဒီအဖိုးကြီး မေ့ပြန်ပြီပဲ ...

( ပိုချစ်ဖို့လည်းမမေ့နဲ့နော် ... လို့မှာမလို့ပါ။ ) ...။

-

သဲငယ်ရဲ့ Pooh ( ဦးဦးဗိုက်ခေါက် ) ...

Memorable - 14022023




Comments