Happy 5th Monthiversary

 Happy 5th Monthiversary ပါ သဲငယ်ရေ …

ကိုယ့်ကိုကိုယ် အားမရခြင်းများစွာ၊ အဆင်မပြေမှု များစွာနဲ့ သဲငယ် အနားမှာ နတ်ဆိုးလေးလို တွယ်ကပ်ဒုက္ခပေးမိနေသလိုပဲနော် …။ ပေးခဲ့ဘူးတဲ့ ကတိတွေ၊ စိတ်ထဲ လုပ်ပေးချင်တာတွေ၊ အတူတူဆိုတဲ့ စိတ်ကူးအိပ်မက်နဲ့ ဖြစ်ချင်ခဲ့တာတွေကို မလုပ်ပေးနိုင်၊ မရယူနိုင်သေးတဲ့ ခပ်ညံ့ညံ့ ယောင်္ကျားတစ်ယောက်လိုပါပဲ။ ကိုယ့်ရင်ထဲ အသည်းထဲက နွေးမြတဲ့ ခံစားချက်လေးနဲ့ တကယ် မြတ်မြတ်နိုးနိုးချစ်ရတဲ့သူအနားမှာ အပူတွေ ဒုက္ခတွေချည်း မျှဝေမိသလိုဖြစ်နေတာကိုလည်း အားနာလှပါတယ်။ ဥစ္စာဓနအရ မကြွယ်ဝနိုင်သေးတော့ ကိုကိုဟာ မြတ်နိုးဂရုစိုက်မှုနဲ့ အကြင်နာတရာ ချစ်ခြင်းမေတ္တာတွေသာ ကြွယ်ဝနိုင်ပါသေးတယ်ကွယ် …။


သဲငယ် ရေ …

ဘဝဆိုတာ တိုတိုလေးတဲ့ …

တိုတိုလေးမှာကိုမှ ဘဝရဲ့ အသ်ကအပိုင်းအခြား တစ်ဝက်လောက်မှာမှ အနားရှိခွင့်နဲ့ ဆုပ်ကိုင်ခွင့်ရတဲ့လက်ကလေးအတွက် ကုန်လွန်သွားတဲ့ အချိန်တွေကို အတော်တော့ နှမြောမိပါတယ်။ စိတ်ခြင်း ၊ ရင်ဘတ်ခြင်း ဒီလောက်နီးစပ်လျက်နဲ့ ခဏတာ ဖြစ်ဖြစ် ဝေးခဲ့ရတာက ကံကြမ္မာကျီစယ်တဲ့ ပြဇာတ်ဖြစ်ခဲ့မှာပါ။ ရှေးစကားအလိုအရ အချစ်စစ်က မဖြောင့်ဖြူး ဆိုသလိုများ ကိုကိုတို့ကို ကျီစားခဲ့တာထင်ပါရဲ့ …။



ချစ်ရပါသော ကိုကို့ရဲ့ သဲငယ် …

Anni Day တစ်ခုမှာ ဘာလို့များ ဒါတွေ ပြောနေလဲ တွေးနေမိပြီလား။ ပျော်စရာ အမှတ်တရနေ့မှာ စိတ်ညစ်စရာ စကားတွေပေါ့ကွယ်။ စိတ်မညစ်ပါနဲ့။ ကိုကို့အတွက်လည်း Anni Day တိုင်းမှာ သဲငယ်ကို လုပ်ပေးချင်တာတွေကို မလုပ်ပေးနိုင်သမျှ ဒီလိုခံစားနေရအုံးမှာပါ။ ဒီလို ခံစားချက်တွေ ဒီလိုဖွင့်ထုတ်ရေးလိုက်တော့လည်း ကိုကို့အတွက် ပိုကြိုးစားဖို့အတွက် ခွန်အားပိုဖြစ်ပါတယ်။ ကိုကိုချစ်တဲ့ သဲငယ်လေး ပျော်ရွှင်နေတဲ့ပုံလေးနဲ့ ရယ်လိုက်တိုင်း ကိုကိုကျရှုံးနေနေရတဲ့ အပြုံးအရယ်လေးတွေကို Limited Edition ပိုင်ဆိုင်နိုင်ဖို့အတွက် ကိုကို ပိုပိုပြီး ကြိုးစားရမယ်။ ကိုကိုဆုပ်ကိုင်နေကြလက်ကလေးကို ကိုကို့ရင်ခွင်ထဲမှာပဲထားချင်တယ်လေ …။

- ကိုကို သဲငယ်ကို အရမ်းချစ်တယ် -

- အရမ်း အရမ်း ချစ်တယ် -


Coe “

( 25 : Nov : 2022 )

Monthiversary Day

Comments