Happy 4th Months Anniversary

 သဲငယ်ရေ ...

အချိန်တွေက တရွေ့ရွေ့ကုန်နေရင်း ကိုကိုတို့ရဲ့ ချစ်သူသက်တမ်းလေးတောင် လေးလတိတိပြည့်ခဲ့ပြီပဲ။ အခက်အခဲနဲ့ ပြဿနာတွေတိုင်း စိတ်တူကိုယ်တူရင်ဆိုင်ဖြေရှင်းကြ၊ ရတတ်သမျှသော ပျော်ရွှင်စရာအချိန်တွေကို တန်ဖိုးထား ဖြတ်သန်းကြရင်း ကုန်လွန်ခဲ့ကြတဲ့ ရက်ပေါင်း ၁၂၀ ပေါ့ကွယ်။ ချစ်ခြင်းမှာ တစ်ယောက်အပေါ်တစ်ယောက် ပိုမိုစိမ့်ဝင်နှစ်သက်ကြရင်း အနာဂတ်ရည်မှန်းချက်တွေနဲ့ အတူကြိုးစားလျှောက်လှမ်းနေကြတဲ့ ချစ်သူဘဝလေးကို အပြန်အလှန်နားလည်မှုရှိရှိ တည်ဆောက်ပေးလို့ တကယ့်ကို ကျေးဇူးတင်ရပြီး ကိုကိုကံထူးတယ်လို့ မှတ်ယူပါတယ်။ 

-

သဲငယ် ခံစားမိလားတော့မသိဘူး ...

တစ်ချိန်က အမှားမျိုးတွေနဲ့ တစ်ယောက်အနားက တစ်ယောက် ပျောက်ကွယ်သွားကြမှာ သိပ်ကို စိုးရိမ်တဲ့စိတ်တွေနဲ့ ကိုကိုတို့ဟာ ပိုပြီးတွယ်တာမြတ်နိုးနေကြတာ ကြီးမားတဲ့ထုထည်တွေနဲ့ပါ။ အတိတ်ထဲက ရတတ်နိုင်သမျှ သင်ခန်းစာနဲ့ကောင်းကွက်လေးတွေကလွဲရင် အတိတ်တွေကို မေ့ပြစ်ခဲ့လိုက်ပြီး အနာဂတ်အတွက် အကောင်းမွန်ဆုံးသော ခံစားချက်၊ အသိအမြင်၊ အတွေးအခေါ်၊ လိုအင်တွေနဲ့ တစ်ယောက်အနားတစ်ယောက်ရှိလို့ အတူဖေးမ၊ ရင်ဆိုင်ရင်း အနာဂတ်လမ်းကို အမှန်ကန်ဆုံးလျှောက်နေကြဖို့ပဲ လိုတယ်မဟုတ်လားကွယ် ...။

-

အချိန်တွေကတော့ ကုန်သွားမှာပဲ သဲငယ်ရေ ...

ဒီနေ့ဆိုတာတောင် မနက်ဖြန်မနက်အတွက် အတိတ်ဖြစ်နေခဲ့သေးတာပါ အချိန်တိုင်း အချိန်တိုင်း အတိတ် ဖြစ်ဖြစ်ပြီး ကျန်နေခဲ့ပါတယ်။ သေချာတွေးလေ အချိန်တွေကို နှမြောရလေပဲမဟုတ်လား။ ဒါကြောင့်မို့ပဲ ကိုကိုက ခဏခဏတောင်းဆိုရင်းပြောဖြစ်တာပေါ့ ပစ္စုပ္ပန်တည့်တည့်နဲ့ ကိုကိုတို့အတွက် တန်ဖိုးထားရတဲ့ အချိန်ကာလကောင်းလေးတွေကိုပဲ တန်ဖိုးထား ဂရုစိုက်ကြစို့ရယ်။ တခြားအကြောင်းအရာတွေနဲ့ ကိုကိုတို့ရဲ့ ဆက်ဆံရေးကိုး တစ်စွန်းတစ်စပဲဖြစ်ဖြစ် ထိခိုက်လာမှာ၊ ရိုက်ခတ်လာမှာမျိုးတွေကို အချိန်ကုန်ခံမတွေးကြဖို့လေ နော့ ....။

" တချိန်ကတော့ ကလေး .. 

အခုတော့ သဲငယ်လေး ဖတ်ဖို့အတွက် ..."

- ဘယ်သူသိနိုင်မှာလဲ -

-  တစ်ချိန်က ဝမ်းကွဲ ညီမလေးက အခုလို အနမ်းမုန်တိုင်းလေးတွေ စိတ်တူကိုယ်တူ တိုက်ခတ်လာမယ့် ချစ်သူလေးဖြစ်လာမယ်ဆိုတာ -

- - - သဲငယ်ကို သိပ်ချစ်ရတဲ့ - - -

ကိုကို ( Be like Le Min Ho )



Comments