Happy 3 Years and 11 Months Anniversary Day

 ပါပါး သိပ်လွမ်းနေရတဲ့ ပါပါးရဲ့ မာမားရေ ...

ပါးပါးတို့ရဲ့ ချစ်သက်တမ်းက 3 နှစ်နဲ့ 11 လပြည့်မြောက်ပြီးလို့ မင်္ဂလာသက်တမ်းတောင် 3 လ ကျော်ခဲ့ပြီနော်။ ပြန်တွေးကြည့်စမ်းပါကွယ်။ အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါပဲ။ ပါပါး ပြန်လာတယ်၊ မာမားနဲ့ မင်္ဂလာပွဲ ကျင်းပ လက်ထပ်တယ်၊ နောက်ပြီးတော့ ကိုရီးယားကို ပြန်လာတယ်ပေါ့။ ပါပါး ပြန်လာခဲ့ရတဲ့ တစ်လခွဲစာ အချိန်အပိုင်းအခြားလေးဟာ အချိန်တိုင်းပြန်တွေးမိတိုင်း အိပ်မက်လိုတောင်ထင်ရပါရဲ့။ အဲ့လောက်ထိကို တိုတောင်းတဲ့ ကာလလေးအတွင်းမှာ ပါပါးတို့ အကြင်လင်မယားဖြစ်ပြီး ဘဝတစ်ခုလုံစာသယ်ဆောင်သွားနိုင်မယ့် အမှတ်တရတွေကို ဖန်တီးနို်င်ခဲ့တာနော်။ ဒီအချိန် ဒီအပို်င်းအစတွေကို ဘယ်တော့မှ မမေ့မလျော့ပဲ နောက်ဆုံးသော ထွက်သက်တွေအထိ သယ်ဆောင်သွားကြရမယ်နော်။ ပါပါးကို ကတိပေးပါ သဲငယ်လေးရေ ... နော် ...။


သိပ်ချစ်ရတဲ့ ကိုကို့ရဲ့ သဲငယ်လေးရေ ....

တစ်ခါတစ်ရံမှာ ကိုကိုနဲ့ သဲငယ်လေးဟာ မတူညီတဲ့ အယူအဆ ၊ အတွေးအမြင် ၊ ခံစားချက်တွေနဲ့ ထပ်တူ စိတ်သဘောထားကွဲလွဲမှုတွေ၊ ပွတ်တိုက်မှုတွေ ရှိနိုင်ပါရဲ့ကွယ်။ ဒါပေမယ့် ဒါတွေဟာ နှစ်ယောက်သားတည်ဆောက်နေတဲ့ တစ်ခုတည်းသော ဘဝမှာ မလွှဲမသွေကြုံနေရမယ့် အခိုက်အတန့်များစွာပါပဲ။ ဒါတွေ ဒီလိုမျိုးကြုံလာကြတဲ့အခါ ကိုကိုတို့ဟာ ကိုယ့်ရဲ့ကိုယ်ပိုင်တစ်သီးပုဂ္ဂလခံစားချက်တွေကို တတ်နိုင်သမျှရှေ့တန်းမတင်ပဲ ဖြစ်တန်စွမ်းတွေနဲ့ ပို၍ ပို၍ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကြောင်းကျိုးဆီလျှော်မှုတွေကိုပဲ ရှေ့ရှုသင့်တာပေါ့ကွယ်။ ဒါမှသာ ကိုကိုတို့ရဲ့ နေ့ရက်တိုင်းဟာ တကယ့်ကိုပျော်ရွှင်ခြင်းအတိနဲ့ ရှင်သန်ဖြတ်သန်းနိုင်ကြမှာပေါ့ကွယ်။

-


အချစ်လေးရေ ...

မနက်ဖြန်ဆိုရင် ပါပါးရဲ့ မွေးနေ့ပဲနော်။ တကယ်ဆိုရင်တော့ အဲ့ဒီလိုနေ့မျိုးမှာ ပါပါးနဲ့အချစ်လေးဟာ နံနက်ခင်းမှာ ဘုရားသွား၊ ကျောင်းတက် ကုသိုလ်ကောင်းမှုတစ်ခုခုကိုပြုပြီး နေ့လည်နဲ့ ညနေပိုင်းမှာ မိသားစုတွေ၊ ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်း ကုန်လွန်ရမယ့်နေ့ပေါ့ကွယ်။ အဲ့လိုနေ့မျိုးဟာ အခုတော့ ဝေးနေဆဲပေါ့ကွယ်။ အမြန်ဆုံးအဖြစ်နဲ့ ပါပါးနဲ့ သဲငယ်လေး အတူတူနေထိုင်ပြီး နံနက်ခင်းတိုင်းကို အတူဖြတ်သန်းနိုင်ကြမယ့် နေ့မျိုးကို ရောက်ချင်လှပါပြီကွယ်။ အခုတော့ အလွမ်းတွေ၊ မျှော်လင့်ချက်တွေ၊ စိတ်ကူးယဉ်မှုတွေနဲ့အတူ သဲငယ်လေးရဲ့ ဘေးနားရှိခဲ့ချိန် အရာရာအားလုံးကို ပြန်လည်တမ်းတ လွမ်းဆွတ်နေပါရဲ့ကွယ် ....။

-

အဝေးတမြေက ချစ်ဇနီးလေးကို လွမ်းနေတဲ့ ... " ပါပါး ... "

25/05/2026

Save Date

Happy 3 Years and 11 Months Anniversary Day


Comments